![]() |
ပုံ - ဦးတင်မောင် ပစ်သတ်ခံရသောနေရာ |
ဖားကန့် - မေ ၂၅၊ ၂၀၂၂။
ဖားကန့်မြို့နယ် ဆန်းကြွယ်ကျေးရွာ ရပ်ကွက် ၁ တွင်နေထိုင်သည့် ဒလန်ဟုဆိုသူ အမျိုးသားတစ်ဦးကို ယနေ့နံနက် ၁၁ နာရီခန့်က အမည်မသိ သေနတ်သမားတစ်ဦးက လာရောက်ပစ်သတ်သွားကြောင်း သိရသည်။
အသက် ၅၀ နှစ်ခန့် အရွယ်ရှိ ဦးတင်မောင်ကို အေးမြသာယာရပ်ကွက် ဆန်းကြွယ်ရွာထိပ်တွင် သေနတ်ဖြင့် ပစ်သတ်သွားခြင်းဖြစ်သည်ဟု ရပ်ကွက်နေပြည်သူတစ်ဦးက The 74 Media ကိုပြောသည်။
“သူအိမ်မှာလည်းနှစ်ချက်ပစ်သွားသေးတယ် သူတော့မရှိဘူး။ သိပ်တော့မကြာဘူး ပစ်သတ်ခံရတယ် ကြားရတော့တာပဲ။ ရင်ဘတ်မှာ တစ်ချက် ဦးခေါင်းမှာ တစ်ချက်” ဟုသူကပြောသည်။
သေဆုံးသူ၏ နေအိမ်အနီးတဝိုက်တွင် လက်ရှိချိန်ထိ စစ်ကောင်စီတပ်ဖွဲ့ဝင်များ စောင့်ကြပ်နေကြောင်း သူကဆက်ပြောသည်။
ဖားကန့်မြို့နယ် ဆန်းကြွယ်ကျေးရွာတွင် ၂၀၂၁ ခုနှစ် မေ ၁၀ ရက်နေ့ကလည်း ကျေးရွာအုပ်ချုပ်ရေးမှူး ဦးမြင့်မောင် နေအိမ်တွင် သေနတ်ပစ်သတ်ခံခဲ့ရသည်။
The 74 Media

No comments:
Post a Comment