ဒီးမော့ဆိုမြို့မစျေးမှာ တိုက်ပွဲဖြစ်ပွားခဲ့ပြီး စစ်ကောင်စီသုံးဦးသေဆုံး


ဒီးမော့ဆိုမြို့၊ မြို့မစျေးမှာ ဒီကနေ့ မေလ ၁၇ရက်နေ့ နံနက် ၁၀နာရီအချိန်မှာ စစ်ကောင်စီနဲ့  ၂နာရီကြာ တိုက်ပွဲဖြစ်ပွားခဲ့တယ်လို့ KNDF B-19 က ထုတ်ပြန်ထားပါတယ်။ 

ဒီးမော့ဆိုမြို့မရဲစခန်းမှာ ကင်းထောက်သွားလာနေတဲ့ စစ်ကောင်စီကို အလစ်ငိုက်တိုက်ခိုက်ခဲ့တဲ့အတွက် စစ်ကောင်စီသုံးဦး သေဆုံးခဲ့ပြီး KNDF ဘက်က ထိခိုက်မှုမရှိခဲ့ဘူးလို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

ကရင်နီပြည်မှာ သုံးရက်ဆက်တိုက် ရဟတ်ယာဉ်ပျံဝဲနေတာရှိပြီး တောင်ငူကနေ ပျံသန်းလာတဲ့ ရဟတ်ယာဉ်ဖြစ်တယ်လို့ ဒေသခံတချို့က ပြောပါတယ်။

ယခုရက်ပိုင်းအတွင်း ဖယ်ခုံမြို့ ဆီးမီးလော့ကျေးရွာမှာလည်း စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီနဲ့ ကရင်နီဒေသခံ ကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့တို့ တိုက်ပွဲဖြစ်ပွားနေပါတယ်။ 

ပြီးခဲ့တဲ့ မေလ ၁၄ရက်နေ့မှာလည်း KNDF B-16၊ KA နဲ့ စစ်ကောင်စီတို့ တိုက်ပွဲဖြစ်ပွားခဲ့ပြီး စစ်ကောင်စီဘက်က သုံးဦးသေဆုံးခဲ့သလို ကျည်တချို့နဲ့ ပစ္စည်းတချို့ကို သိမ်းဆည်းရမိခဲ့တယ်လို့ KNDF B-16 က ဒီကနေ့မှာ ထုတ်ပြန်ထားပါတယ်။


Kantarawaddy Times 

ဒီးမော့ဆိုမြို့မစျေးမှာ တိုက်ပွဲဖြစ်ပွားခဲ့ပြီး စစ်ကောင်စီသုံးဦးသေဆုံး ဒီးမော့ဆိုမြို့မစျေးမှာ တိုက်ပွဲဖြစ်ပွားခဲ့ပြီး စစ်ကောင်စီသုံးဦးသေဆုံး Reviewed by THITHTOOLWIN on 20:52 Rating: 5

No comments:

Powered by Blogger.