ရေစကြိုမြို့နယ် ရေလယ်ကျွန်းတွင် ကျေးရွာများအား မီးရှို့ဖျက်ဆီးနေသည့် စစ်ကောင်စီတပ် နှစ်ကြိမ်တိုက်ခိုက်ခံရ


မကွေးတိုင်း၊ ရေစကြိုမြို့နယ် ရေလယ်ကျွန်းဒေသတွင် ကျေးရွာများအား မီးရှို့ဖျက်ဆီးနေသည့် အကြမ်းဖက်စစ်ကောင်စီတပ်များ နှစ်ကြိမ်တိုင်တိုက်ခိုက်ခံရကြောင်း ဒေသခံများက ပြောသည်။

ယနေ့(မေလ ၁၀ရက်) ရေလယ်ကျွန်းဒေသသို့ ဝင်ရောက်လာပြီး မီးရှို့ဖျက်ဆီးနေသော အကြမ်းဖက်စစ်ကောင်စီတပ်အား ညနေ ၃နာရီခွဲက မြေတော်ကျေးရွာအဝင်တွင် ပဒေသာမိုင်း​တွဲဖြင့် တိုက်ခိုက်ခံခဲ့ရသည်။

ရေစကြိုနယ်အခြေစိုက် သိန်းငှက်ပြောက်ကျားတပ်ဖွဲ့မှ တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး အကြမ်းဖက်စစ်တပ်ဘက်မှ ထိခိုက်သေဆုံးမှုများနိုင်ကာ ထိခိုက်သူများအား ထမ်းပိုးခေါ်ဆောင်သွားရကြောင်း ၎င်းအဖွဲ့က ပြောသည်။

ထိခိုက်သေဆုံးမူအရေအတွက်ကို အတိအကျမသိရှိသေးဘဲ စုံစမ်းထုတ်ပြန်ပေးမည်ဟု သိန်းငှက်ပြောက်ကျားတပ်ဖွဲ့က ဆိုသည်။

နံနက် ၁၀နာရီခွဲခန့်ကလည်း မဲကုန်းရွာကို မီးရှို့ဖျက်ဆီးနေသော အကြမ်းဖက်စစ်ကောင်စီတ​ပ်ကို ရေလယ်ကျွန်းပြည်သူ့ကာကွယ်ရေးတပ်နှင့် MG6 ပြောက်ကျားတပ်တို့ပူးပေါင်းကာ ခုခံတိုက်ခိုက်ခဲ့ကြရာ မိနစ် ၄၀ခန့် အပြန်အလှန်ပစ်ခတ်ခဲ့ကြသ​ည်ဟု ပြည်သူ့ကာကွယ်ရေးအဖွဲ့များက ​ပြောသည်။

အကြမ်းဖက်အုပ်စုဘက် ထိခိုက်မှုအခြေအနေမသိရသေးဘဲ ရဲဘော်များထိခိုက်မှုမရှိ ဆုတ်ခွာနိုင်ခဲ့သည်ဟု ရေလယ်ကျွန်းဒေသပြည်သူ့ကာကွယ်ရေးတပ်ပေါင်းစုတပ်ရင်းက ပြောသည်။

အကြမ်းဖက်စစ်တပ်သည် ယနေ့ နံနက် ၇ နာရီခန့်မှစတင်ကာ ရေစကြိုမြို့နယ်၊ ရေလယ်ကျွန်းဒေသရှိ မိဖုရားကျေးရွာ၊ မဲကုန်းကျေးရွာများအပါအဝင် ကျေးရွာငါးရွာခန့်အား စစ်ကြောင်းနှစ်ကြောင်းထိုးကာ မီးရှို့ဖျက်ဆီးမှုများ ပြုလုပ်ခဲ့ခြင်းဖြစ်သည်။


People's Spring 

ရေစကြိုမြို့နယ် ရေလယ်ကျွန်းတွင် ကျေးရွာများအား မီးရှို့ဖျက်ဆီးနေသည့် စစ်ကောင်စီတပ် နှစ်ကြိမ်တိုက်ခိုက်ခံရ ရေစကြိုမြို့နယ် ရေလယ်ကျွန်းတွင် ကျေးရွာများအား မီးရှို့ဖျက်ဆီးနေသည့် စစ်ကောင်စီတပ် နှစ်ကြိမ်တိုက်ခိုက်ခံရ Reviewed by THITHTOOLWIN on 22:15 Rating: 5

No comments:

Powered by Blogger.