ထီးလင်း ၊ မေ ၂၁ ၊၂၀၂၂ ။
ထီးလင်းမြို့နယ်၊ ရေမျက်နီရွာအနီးတဝိုက်တွင် ယောဒေသတော်လှန်ရေးတပ်ပေါင်းစုဖြစ်သည့် YRPA တပ်ဖွဲ့ဝင်များနှင့် စစ်ကောင်စီတပ်ဖွဲ့ဝင် ၁၀၀ ခန့်တို့ မေလ ၂၀ ရက်နေ့က ပြင်းထန်စွာတိုက်ပွဲဖြစ်ပွားခဲ့ကြောင်း Yaw Regional PDF's Alliance-YRPA သတင်းပြန်ကြားရေးတာဝန်ခံက မြေလတ်အသံကိုပြောသည်။
၁ နာကျော်ကြာ တိုက်ပွဲဖြစ်ပွားနေစဉ်အတွင်း YRPA တပ်နှင့်ပူးပေါင်းအဖွဲ့များက စနိုက်ပါဖြင့် ပစ်ခတ်တာကြောင့် စစ်ကောင်စီတပ်သား ၃ ဦး၊ အဝေးပစ်လက်နက်ကြီး ၂၀ မမ နဲ့ အချက်ပေါင်းများစွာပစ်ခတ်လို့ ၂ ဦးထပ်မံသေဆုံးခဲ့ကြောင်း ၎င်း အဖွဲ့တွေရဲ့ ဒရုန်းမှတ်တမ်းတွေကတဆင့် သိခဲ့ရကြောင်း ဆိုသည်။
"နောက်ထပ်သူတို့ဘက်ကသေတာကိုတော့မသိရသေးပါဘူး၊ ၁ နာရီခွဲလောက်တိုက်ပွဲပြင်းထန်ပြီး သူတို့ဘက်ကလက်နက်ကြီးနဲ့လှမ်းပစ်တာမှာ ၆၀ သီးထိမှန်ပြီး ကျနော်တို့ဘက်က တယောက်ကဒဏ်ရာအပြင်းအထန်ရတယ်၊ စိုးရိမ်စရာမရှိဘူး" လို့ YRPA တာဝန်ခံကပြောသည်။
တိုက်ပွဲတွင် စစ်ကောင်စီဘက်မှ အင်အား ၁၀၀ ခန့်နဲ့ YRPA တပ်ပေါင်းစုအဖွဲ့အင်အား ၁၂၀ လောက်တို့ တိုက်ပွဲဖြစ်ပွားပြီး လက်နက်ကြီးတွေနဲ့ အပြန်အလှန် အချက်ပေါင်းများစွာ ပစ်ခတ်ခဲ့ကြကြောင်း ဆိုသည်။
မြေလတ်အသံ - Myaelatt Athan

No comments:
Post a Comment