ပခုက္ကူ၊ မေ ၁၇၊ ၂၀၂၂။
မကွေးတိုင်း၊ ပခုက္ကူမြို့၊ အမှတ် ၁ ရပ်ကွက် နေအိမ်မှာရှိတဲ့ စစ်ကောင်စီလက်အောက်ခံ ရဲတပ်ဖွဲ့ဝင် ဒုရဲအုပ်တဦးရဲ့ မိခင်နဲ့အကိုဖြစ်သူတို့ မေလ ၁၇ ရက် ဒီကနေ့ နေ့လည်ပိုင်းက သေနတ်နဲ့ပစ်သတ်ခံခဲ့ရတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
ဖောင်တော်ဦးလမ်းနဲ့ ဗိုလ်ချုပ်လမ်းထောင့်မှာရှိတဲ့ ဒုရဲအုပ် မျိုးကိုကိုချစ်ရဲ့ နေအိမ်ကိုဝင်ရောက်ပစ်ခတ်ခဲ့တာဖြစ်ပြီး သူ့ရဲ့ အမေနဲ့အကိုတို့ သေဆုံးသွားတယ်လို့ ဆိုပါတယ်။
"နေ့လည် ၂ နာရီခွဲလောက်မှာ အိမ်ထဲကိုဝင်ပစ်သွားတာ။ ၂ ယောက်လုံးသေသွားတယ်။ ဘာလို့အသတ်ခံရလဲတော့မသိဘူး။ သူ့ရဲ့သားကတော့ ဒုရဲအုပ်နယ်ထိန်းလို့သိရတယ်'' လို့ ပခုက္ကူမြို့ခံတဦးက မြေလတ်အသံကို ပြောပါတယ်။
အဲ့ဒီဖြစ်စဥ်နဲ့ပတ်သက်လို့ ဒေသတွင်း PDF တွေဘက်က တစုံတရာ ထုတ်ပြန်တာမျိုးမရှိသေးဘဲ မြေလတ်အသံအနေနဲ့ ဆက်သွယ်ဖို့ ကြိုးစားနေပါတယ်။
မြေလတ်အသံ - Myaelatt Athan
ပခုက္ကူမှာ ဒုရဲအုပ်တဦးရဲ့ အမေနဲ့ အကိုဖြစ်သူ နေအိမ်တွင်းပစ်သတ်ခံရ
Reviewed by THITHTOOLWIN
on
20:54
Rating:

No comments:
Post a Comment