မုံရွာ၊ မေ ၂၇၊ ၂၀၂၂။
စစ်ကိုင်းတိုင်း၊ မုံရွာမြို့နယ်အတွင်းက စီးပွားရေးလုပ်ငန်းရှင်တွေကို လာမယ့် ဇွန်လ ၁ ရက်ကစပြီး အခွန်ငွေကောက်ခံသွားမယ်လို့ မုံရွာမြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့က မေလ ၂၇ ရက် ဒီမနက်မှာ ထုတ်ပြန်ကြေငြာလိုက်ပါတယ်။
အခွန်ကောက်ခံရာမှာလည်း အမျိုးသားညီညွတ်ရေးအစိုးရ - NUG စီမံကိန်း၊ ဘဏ္ဏာရေးနှင့် ရင်းနှီးမြှုပ်နှံမှုဝန်ကြီးဌာန ရဲ့ လမ်းညွှန်ချက်နဲ့အညီ စနစ်တကျကောက်ခံသွားမယ်လို့လည်း ဆိုပါတယ်။
ရရှိတဲ့အခွန်ငွေတွေကို NUG ကချမှတ်ထားတဲ့ မူဝါဒတွေအတိုင်း ပြည်သူလူထုအတွက် ထိထိရောက်ရောက် သုံးစွဲသွားမှာဖြစ်တာကြောင့် မုံရွာမြို့နယ်အတွင်းက စီးပွားရေးလုပ်ငန်းရှင်တွေအနေနဲ့လည်း အခွန်ဆောင်ကြဖို့ တိုက်တွန်းထားပါတယ်။
ခုလိုကောက်ခံတာဟာ အမျိုးသားညီညွတ်ရေးအစိုးရ - NUG က ၂၀၂၁ ခုနှစ်၊ စက်တင်ဘာ ၂၀ ရက်နေ့မှာ အတည်ပြု ပြဠာန်းခဲ့တဲ့ ပြည်ထောင်စုလွှတ်တော် ဥပဒေအမှတ် (၆) ပြည်ထောင်စု၏ အခွန်အကောက်ဥပဒေ အရ ကောက်ခံခြင်းဖြစ်တယ်လို့လည်း ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
မြေလတ်အသံ - Myaelatt Athan

No comments:
Post a Comment