ကနီနယ် အလယ်ကျွန်းရွာ တိုက်ပွဲမှာ စစ်အုပ်စုက ရဟတ်ယာဉ်နဲ့ ငါးခေါက် လာပစ်

ကနီ KLG PDF (ကျောက်လုံးကြီး)ရဲဘော်များ/Photo – Kani PDF – KLG

မေ-၁၀

စစ်ကိုင်းတိုင်း ကနီမြို့နယ် ရေလယ်ကျွန်းရွာမှာ အထိုင်ချပြီး ဒေသတွင်း အကြမ်းဖက် သောင်းကျန်းနေတဲ့ စစ်အုပ်စုနဲ့ ပျူတွေကို ဒီကနေ့ မေ(၁၀)ရက် မနက်ပိုင်းမှာ ဒေသခံ ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့တွေက စီးနင်း တိုက်ခိုက်ခဲ့ပြီး စစ်အုပ်စုဘက်က အသေအပျောက် များနိုင်တယ်လို့ အာဏာရှင်တော်လှန်ရေး ပြည်သူ့တပ်မ‌တော် - DRPA က သတင်းထုတ်ပြန်ပါတယ်။

ဒီကနေ့ မေ(၁၀)ရက် မနက်(၈)နာရီမှာ ကနီမြိုနယ်၊ အလယ်ကျွန်းကျေးရွာထဲက အကြမ်းဖက် စစ်အုပ်စုနှင့် ပျူစောထီး အင်အား(၄၀)လောက်ရှိတဲ့ စခန်းကို ဒေသကာကွယ်ရေး မဟာမိတ်တပ်ပေါင်းစုတွေ ဖြစ်တဲ့ DRPA ၊ ကနီ KPDF (1)၊ ကနီ (ကျောက်လုံးကြီး) KGL PDF၊ နှလုံးလှ လူမိုက်ကြီးများ (မြင်းခြံ)၊ KGF ၊ M&K the boys ၊ KCRF၊ Chindwin Dragon၊ ကနီမြို့နယ်အဖွဲ့၊ ကနီမြို့နယ် ပကဖ နှင့် တပ်ပေါင်းစုမဟာမိတ် တို့က သွားရောက် တိုက်ခိုက်ခဲ့တာလို့ ဆိုပါတယ်။

“တပ်ပေါင်းစုမဟာမိတ် တို့မှ စခန်းသိမ်းတိုက်ပွဲဲ ဆင်နွဲကာ ရန်သူ့အခြေစိုက် စခန်းများကို ရှင်းလင်းနိုင်ခဲ့သည်။ (၁၂)နာရီ ဝန်းကျင်တွင် စစ်ကောင်စီဘက်က လေယာဉ်ပစ်ကူ ငါးခေါက်ခန့် လာရောက် တိုက်ခိုက်ခဲ့သည်။ ရေလယ်ကျွန်းရွာသည် အိမ်ခြေ (၃၀)ခန့်ရှိသော ပျူစောထီးရွာ ဖြစ်သည်။ အာဏာစသိမ်းကတည်းက စကစ လက်ပါးစေအဖြစ် အနီးအနား ဝန်းကျင်ရှိ လူထုကို အကြိမ်ကြိမ် ဒုက္ခပေးနေသဖြင့် မိမိတို့ ဒေသခံ ရဲဘော်များမှ စကစနဲ့ မပူးပေါင်းရန် အကြိမ်ကြိမ်သတိပေး အကြောင်းကြားမှုများ ပြုလုပ်ခဲ့ပြီး ဖြစ်သည်။ စစ်ဆင်ရေးအတွင်း မိမိတို့ DRPA ရဲဘော်တစ်ဦး ယမ်းစထိမှန် ဒဏ်ရာ ရရှိခဲ့ပြီး စကစဘက်မှ အကျအဆုံးများ ရှိခဲ့ပြီး အရေအတွက် အတိအကျကိုတော့ အတည်မပြုနိုင်သေးပေ” လို့ DRPA က ဖော်ပြပါတယ်။

အဲ့ဒီ တိုက်ပွဲဖြစ်စဉ်နှင့် ပတ်သက်ပြီး အသေးစိတ် အခြေအနေ မသိရသေးပေမယ့် အကြမ်းဖက် စစ်အုပ်စုက ရဟတ်ယာဉ်တွေနဲ့ ပစ်ခတ်နေတယ်လို့ ဒေသခံတွေက ဆိုပါတယ်။

ကနီနယ် ရေလယ်ကျွန်းရွာထဲ အထိုင်ချနေတဲ့ အကြမ်းဖက် စစ်အုပ်စုဟာ ပြီးခဲ့တဲ့ လတွေအတွင်း အနီးအနားက ရွာတွေထဲ အကြမ်းဖက်စီးနင်းပြီး လူသတ်၊ လုယက်၊ ဖောက်ထွင်းခိုးယူ၊ နေအိမ်မီးရှို့တာတွေ ကျူးလွန်ခဲ့တယ်လို့ ဒေသခံတွေက ဆိုပါတယ်။


Mandalay Free Press - MFP

ကနီနယ် အလယ်ကျွန်းရွာ တိုက်ပွဲမှာ စစ်အုပ်စုက ရဟတ်ယာဉ်နဲ့ ငါးခေါက် လာပစ် ကနီနယ် အလယ်ကျွန်းရွာ တိုက်ပွဲမှာ စစ်အုပ်စုက ရဟတ်ယာဉ်နဲ့ ငါးခေါက် လာပစ် Reviewed by THITHTOOLWIN on 22:18 Rating: 5

No comments:

Powered by Blogger.