ခရမ်း၊ မေ ၁၆
ရန်ကုန်တိုင်း၊ ခရမ်းမြို့နယ် ကမာကလူကျေးရွာ၌ သွေးသောက်အဖွဲ့၀င်ဟု နာမည်ကြီးနေသူ အမျိုးသားတစ်ဦး သေနတ် ဖြင့်ပစ်သတ်ခံရသည်ဟု ခရမ်းမြို့တွင် နေထိုင်သူတစ်ဦးကပြောသည်။
မတ်လ ၁၆ ရက် ၂ နာရီခန့်တွင် ကမာကလူကျေးရွာရှိ စားသောက်ဆိုင်တစ်ခုတွင် သေနတ်သမားက သွေးသောက်အဖွဲ့၀င်ဟု နာမည်ကြီးနေသူကို သေနတ်ဖြင့် ၀င်ရောက်ပစ်ခတ်စဉ် ပွဲချင်းပြီးသေဆုံးခဲ့သည်ဟု ၎င်းကပြောသည်။
"သွေးသောက်လို့နာမည်ထွက်နေတဲ့ နိုင်ကြီးကို ၀င်ပစ်တာလို့ပြောတာပဲ။ နိုင်ကြီးက ထိလည်းထိရော ပြေးရော။ နိုင်ကြီးတပည့်ကတော့ အဲနားမှာတင် ပွဲချင်းပြီးပဲ။ သေတဲ့လူက နိုင်ကြီးနဲ့ တစ်ဖွဲ့တည်း။ ရွာနဲ့မြို့နဲ့ဝေးတော့ နိုင်ကြီးသေလားရှင်လား မပြောတတ်ဘူး" ဟု မြို့ခံက ပြောသည်။
ခရမ်းမြို့နယ်တွင် သွေးသောက်အဖွဲ့ဟု နာမည်ကြီးနေသူအပစ်ခံရသည့်နောက် မြို့ပေါ်တွင် အရပ်၀တ်ဖြင့် စစ်ကောင်စီတပ်သားများ သွားလာလှုပ်ရှားနေသည်ကို သိသိသာသာ တွေ့မြင်လာရကြောင်း ၎င်းကပြောသည်။
သွေးသောက်အဖွဲ့ဟု နာမည်ကြီးသူကို မည်သည့်အဖွဲ့က ပစ်ခတ်ရှင်းလင်းခဲ့သည်ကို မသိရသေးပေ။
Lu Nge Khit

No comments:
Post a Comment