တနင်္သာရီတိုင်းမ်၊ မေ ၁၉
ရေဖြူမြို့နယ်မှာ စိုက်ဘဏ်လို့ အများက ခေါ်လေ့ရှိတဲ့ မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်ခွဲအနီးမှာ ဒီနေ့မနက်(၁၀)နာရီခွဲ ဝန်းကျင်က ဗုံးပေါက်ကွဲခဲ့ပါတယ်။
အဆိုပါ စိုက်ဘဏ်ဟာ ရေဖြူ-ကျခတ္တပင်အင်းလမ်းမှာ ရှိပြီး ပေါက်ကွဲမှု ဖြစ်ပွားတဲ့ နေရာနဲ့ မလှမ်းမကမ်းမှာ မင်္ဂလာဆောင်ပွဲတစ်ခု ရှိနေပါတယ်။
"အထိအခိုက်တော့မရှိဘူး။ ပေါက်ကွဲသံကြားတာနဲ့အသံချဲ့စက်က ပိတ်ကျသွားတယ်။ သီချင်းထပ်မကြားရတော့ဘူး"လို့ အဲဒီအနီးအနားက ဒေသခံတစ်ဦးက ပြောပြပါတယ်။
ပေါက်ကွဲမှုကို ဘယ်အဖွဲ့အစည်းက လုပ်ဆောင်လဲ ဆိုတာတော့ မသိရသေးပါဘူး။
ပြီးခဲ့တဲ့(၁၇)ရက်နေ့ ညကလည်း ရေဖြူမြို့က လဝကရုံးအနီးမှာ ဗုံးပေါက်ကွဲခဲ့ပါတယ်။
The Tanintharyi Times
ရေဖြူမြို့က စိုက်ဘဏ်အနီး ဗုံးပေါက်ကွဲ
Reviewed by THITHTOOLWIN
on
18:35
Rating:

No comments:
Post a Comment