ဘီးလင်းက စစ်ကောင်စီအမြှောက်တပ် တိုက်ခိုက်ခံရ


ဘီးလင်း၊ မေ ၁၃

မွန်ပြည်နယ်၊ ဘီးလင်းမြို့နယ်၊ ဇီးဝန်းကျေးရွာရှိ စစ်ကောင်စီအမြှောက်တပ်ကို မေလ ၁၂ ရက်နေ့ ညနေပိုင်းက လက်နက်ကြီးနဲ့သွားရောက် ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ ဒေသပြည်သူ့ကာကွယ်ရေးအဖွဲ့  တာဝန်ရှိသူတွေက ပြောပါတယ်။

အဲဒီအမြှောက်တပ်ကို KNLA တပ်မဟာ(၁)၊ တပ်ရင်း(၂)၊ သထုံမြို့နယ် ပြည်သူ့ကာကွယ်ရေးအင်အားစု(TPDF)နဲ့ဘီးလင်းမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(ပကဖ)ပူးပေါင်းအဖွဲ့တွေက ၄၀ မမ နဲ့သွားရောက် ပစ်ခတ်ခဲ့တာ ဖြစ်ပါတယ်။

"သူတို့အမြှောက်တပ်အနီးနားထိ သွားပစ်တာ၊ သူတို့ဘက်က ထိခိုက်သေဆုံးရှိနိုင်တယ်၊ ဒါပေမယ့် အရေအတွက် ဘယ်လောက်ဆိုတာတော့ သေချာမသိရဘူး''လို့ ဘီးလင်းမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(ပကဖ)တာဝန်ရှိသူတစ်ဦးက သံလွင်တိုင်းမ်ကိုပြောပါတယ်။

စစ်ကောင်စီအမြှောက်တပ် တိုက်ခိုက်ခံရတာကြောင့် ၂ ဦးထက်မနည်း ထိခိုက်သေဆုံးမှုရှိနိုင်တယ်လို့ ဒေသခံတွေက ဆိုပါတယ်။

"ကျွန်တော်တို့ သိရတာက သူတို့ဘက်က ထိခိုက်သေဆုံးရှိတယ်။ မနေ့ညနေက အဲဒီနားမှာ လက်နက်ကြီးငယ်သံစုံနေတာပဲ။ သူတို့နဲ့နီးစပ်သူတွေထံက ပြန်ကြားရတာ"'လို့ ဒေသခံတစ်ဦးက ပြောပါတယ်။

ဘီးလင်းမြို့နယ်ထဲက စစ်ကောင်စီတပ်စခန်းနဲ့စစ်ဆေးရေးဂိတ်တွေကို KNLA ပူးပေါင်းအဖွဲ့တွေက မကြာခဏ တိုက်ခိုက်နေတာကြောင့် စစ်ကောင်စီတပ်သားတွေ ထိခိုက်သေဆုံးတာတွေရှိနေတာဖြစ်ပါတယ်။


သတင်း- သံလွင်တိုင်းမ်


ဘီးလင်းက စစ်ကောင်စီအမြှောက်တပ် တိုက်ခိုက်ခံရ ဘီးလင်းက စစ်ကောင်စီအမြှောက်တပ် တိုက်ခိုက်ခံရ Reviewed by THITHTOOLWIN on 19:27 Rating: 5

No comments:

Powered by Blogger.