တွံတေးမြို့ရှိ ပြည်သူ့စစ်အဖွဲ့ဝင်တစ်ဦး ပစ်ခတ်ရှင်းလင်းခံရ


ရန်ကုန်၊ မေ ၁၇

ရန်ကုန်တိုင်း၊ တွံတေးမြို့နယ်၊ ကွမ်းခြံရပ်ကွက်၊ ရိပ်သာလမ်းသွယ်အတွင်းနေ ထိုင်သည့် ပြည်သူ့စစ်အဖွဲ့ဝင်တစ်ဦး ဖြစ်သည့် ဝင်းဆန်းဆိုသူကို မေလ ၁၆ ရက်၊ ညနေ ၅ နာရီဝန်းကျင်က ကွမ်းခြံသားလမ်းအတွင်း ပစ်ခတ်ရှင်းလင်းခဲ့ရကြောင်း တွံတေးမြို့ပြပြောက်ကျားအဖွဲ့က သတင်းထုတ်ပြန်ခဲ့သည်။

ဝင်းဆန်းသည် တွံ့တေးမြို့နယ်အတွင်း အကြမ်းဖက်စစ်ကောင်စီက ပြည်သူ များအပေါ် သတ်ဖြတ်ခြင်း၊ ဖမ်းဆီးခြင်းများပြုလုပ်ရာတွင် လက်နက်ကိုင်ဆောင်ကာ ကိုယ်တိုင်ပါဝင်လေ့ရှိသူဖြစ်ကြောင်း ထုတ်ပြန်ချက်တွင် ထည့် သွင်းဖော်ပြထားသည်။

“မနေ့ညနေက ကွမ်းခြံရိပ်သာလောက်မှာ ပစ်သွားတာ။ ပွဲချင်းပြီးပဲ။ ည ၇ နာရီလောက်ကျတော့ အဲ့ဒီနားက လူငယ်တချို့အဖမ်းခံရတယ်လို့တော့ကြားတယ်။ သေချာတော့မသိဘူး။ ဟိုလူသေသွားတာတော့သေချာတယ်” ဟု တွံတေးမြို့ခံတစ်ဦးက လူငယ့်ခေတ်သို့ပြောသည်။

ထို့ပြင် အကြမ်းဖက်စစ်ကောင်စီထံ တော်လှန်ရေးသတင်းများ ပေးပို့ခြင်းများပြုလုပ်နေသူဖြစ်သောကြောင့် ယခု ကဲ့သို့ ရှင်းလင်းရခြင်းဖြစ်ပြီး တွံတေးမြို့နယ်အတွင်းရှိ ဒလန်များအနေဖြင့်လည်း စစ်ကောင်စီအား ထောက်ပံ့ခြင်း များ ရပ်တန့်ရန် သတိပေးခဲ့သည်။

ထို့ပြင် အကြမ်းဖက်စစ်ကောင်စီလက်ပါးစေများကိုခေါ်ယူ၍ ကျေးရွာနေပြည်သူများအား ခြိမ်းခြောက်ခြင်း၊ ဖမ်း ဆီးခိုင်းခြင်းတို့ ပြုလုပ်နေခြင်းများကိုလည်း ရပ်တန်းကရပ်ရန်နှင့် မရပ်တန့်ပါက ပြင်းပြင်းထန်ထန် အရေးယူဆောင်ရွက်မည်ဖြစ်ကြောင်းကိုလည်း တစ်ပါတည်းသတိပေးခဲ့သည်။

ပြီးခဲ့သည့် ဧပြီလ ၂၇ ရက်နေ့မှ စတင်ကာ တွံတေးမြို့နယ်အတွင်းရှိ စစ်ကောင် စီသတင်းပေးဒလန်များကို တွံတေးမြို့ပြပြောက်ကျားအဖွဲ့က ခပ်စိတ်စိတ်ပြန် လည် ရှင်းလင်းလာခဲ့ပြီး ဧပြီလ ၂၇ ရက်မှ မေလ ၁၇  ရက်အထိ စစ်ကောင် စီသတင်းပေး ဒလန် ၇ ဦးခန့် ရှင်းလင်းခဲ့ပြီးဖြစ်ကြောင်း သိရသည်။


Lu Nge Khit

တွံတေးမြို့ရှိ ပြည်သူ့စစ်အဖွဲ့ဝင်တစ်ဦး ပစ်ခတ်ရှင်းလင်းခံရ တွံတေးမြို့ရှိ ပြည်သူ့စစ်အဖွဲ့ဝင်တစ်ဦး ပစ်ခတ်ရှင်းလင်းခံရ Reviewed by THITHTOOLWIN on 21:05 Rating: 5

No comments:

Powered by Blogger.