မုံရွာမြို့၊ ရန်ကင်းရပ်ကွက်က စည်ပင်ဝန်ထမ်း စျေးကောက်၊ စကစသတင်းပေးဆိုသူ သားအမိနှစ်ဦး အသတ်ခံရ၊စစ်အုပ်စုက ရပ်ကွက်ကို မီးရှို့မယ်လို့ ခြိမ်းခြောက်ပြီး အော်ဟစ်သောင်းကျန်းဟုဆို

မေ-၂၅

စစ်ကိုင်းတိုင်း မုံရွာမြို့ ရန်ကင်းရပ်ကွက်မှာ နေတဲ့ စစ်ကောင်စီ လက်အောက်ခံ စည်ပင်ဝန်ထမ်း စျေးကောက်၊ သတင်းပေးဆိုသူ သားအမိနှစ်ဦး မေ(၁၇)ရက်နှင့် (၂၄)ရက်တွေမှာ ပစ်သတ်ခံရတယ်လို့ ဒေသခံ သတင်း ရင်းမြစ်တွေက MFP ကို ပြောပါတယ်။

သေဆုံးသူတွေဟာ အသက်(၃၀)ဝန်းကျင်နှင့် (၅၀)ဝန်းကျင် အရွယ်တွေ ဖြစ်ပြီး သားဖြစ်သူဟာ စစ်ကောင်စီ လက်အောက်ခံ စည်ပင်ဝန်ထမ်း စျေးကောက်အဖြစ် လုပ်ကိုင်ပြီး သတင်းပေးအဖြစ် နာမည်ထွက်သလို အမေဖြစ်သူဟာလည်း စျေးထဲမှာ ဘီးစတင်းလုပ်ကိုင်သူ ဖြစ်တယ်လို့ ဆိုပါတယ်။

မေ(၁၇)ရက်က သာဖြစ်သူဟာ လက်ဖက်ရည်ဆိုင် ထိုင်နေရင်း ပစ်သတ်ခံရတယ်လို့ ဆိုပါတယ်။ သားဖြစ်သူ အသတ်ခံရပြီးနောက် အမေဖြစ်သူက တစ်ရပ်ကွက်လုံးကို မီးရှို့ခိုင်းမယ်လို့ ခြိမ်းခြောက်သလို စစ်ကောင်စီ အကြမ်းဖက်သမား တချို့ကလည်း ရပ်ကွက်ကို မီးရှို့မယ်လို့ ခြိမ်းခြောက်ပြီး အော်ဟစ်သောင်းကျန်းသွားတယ်လို့ ဆိုပါတယ်။ ဒါ့အပြင် လူငယ် (၁၀)ဦးဝန်းကျင်လည်း ဖမ်းဆီးခံရတယ်လို့ ဆိုပါတယ်။ အဲ့ဒီနောက် မေ(၂၄)ရက်မှာ ထပ်မံပြီး အမေဖြစ်သူပါ စျေးထဲမှာ ပစ်သတ်ခံလိုက်ရပြီး သေနတ်နဲ့ လေးချက် အပစ်ခံရတာလို့ ဆိုပါတယ်။

“သူ့အမေက သူ့သားသေလို့ ရပ်ကွက်ကို မီးရှို့ခိုင်းမယ်ကျိမ်းတာ မနေ့ကကြ သူ့အမေကိုပါ ကန်သာယာဈေးမှာ ဈေးသိမ်းခါနီး မနက်(၈)နာရီလောက် ပစ်သတ်သွားတာတဲ့။ သားအမိ နှစ်ယောက်လုံးက စည်ပင် ဝန်ထမ်းတွေတဲ့။ ဈေးထဲမှာ ဈေးကောက် ကောက်တယ်၊ ဘီးစတင်း လုပ်တယ်။ သူတို့ သတင်းပေးလို့ အဖမ်းခံရတဲ့ PDF ကလေးတွေလည်း ရှိတယ်လို့ ကြားတယ်။ သူ့သား အသတ်ခံရပြီး စစ်သားတွေက အရပ်ဝတ်နဲ့လာပြီး ရပ်ကွက်ကို မီးရှို့မယ်လို့ကျိန်းလို့ ရပ်ကွက်သူ၊ ရပ်ကွက်သားတွေ ကြောက်လန့်နေကြတာတဲ့” လို့ မုံရွာမြို့ခံ တစ်ဦးက ဆိုပါတယ်။

အကြမ်းဖက် စစ်အုပ်စုဘက်ကတော့ ကန်သာယာစျေးထဲမှာ အသတ်ခံရတဲ့ စည်ပင် ဘီးစတင်း လုပ်ငန်း လုပ်ကိုင်တဲ့ အမျိုးသမီးကို ငွေတိုးချေးစာသူလို့ ဖော်ပြပြီး ငွေကြေး အရှုပ်အရှင်းကြောင့် ကြေးစား အသတ်ခံရတာလို့ ဖော်ပြပါတယ်။

မေ(၂၄)ရက် မနက်(၉)နာရီခွဲက မုံရွာမြို၊ ရန်ကင်းရပ်ကွက်မှာ နေထိုင်ပြီး  ငွေတိုးချေးလုပ်ကိုင်တဲ့ ဒေါ်ခင်လှဦး(ခ)ဒေါ်ခင်လှဆိုသူ ကန်သာယာဈေးအနီးမှာ သေနတ်နဲ့ ပစ်သတ်ခံရပြီး အနီးက စျေးသည် အမျိုးသမီး တစ်ဦးကိုပါ သေနတ်ကျည် ထိမှန် သေဆုံးတယ်လို့ စစ်အုပ်စုက သတင်းဖြန့့်ပါတယ်။

အကြမ်းဖက် စစ်အုပ်စုဟာ အာဏာသိမ်းပြီးနောက်ပိုင်း နိုင်ငံတဝန်းရှိ အကျဉ်းထောင်တွေထဲက ခိုး၊ ဆိုး၊ လု၊ နှိုက်၊ လူသတ်၊ မုဒိန်း စတဲ့ ရာဇဝတ်မှုတွေ ကျူးလွန်လို့ ထောင်ကျနေတဲ့ နှစ်ကြီးရာဇဝတ် အကျဉ်းသား ထောင်သောင်းချီကာ ပြန်လွှတ်ပေးခဲ့ပါတယ်။


Mandalay Free Press - MFP

မုံရွာမြို့၊ ရန်ကင်းရပ်ကွက်က စည်ပင်ဝန်ထမ်း စျေးကောက်၊ စကစသတင်းပေးဆိုသူ သားအမိနှစ်ဦး အသတ်ခံရ၊စစ်အုပ်စုက ရပ်ကွက်ကို မီးရှို့မယ်လို့ ခြိမ်းခြောက်ပြီး အော်ဟစ်သောင်းကျန်းဟုဆို မုံရွာမြို့၊ ရန်ကင်းရပ်ကွက်က စည်ပင်ဝန်ထမ်း စျေးကောက်၊ စကစသတင်းပေးဆိုသူ သားအမိနှစ်ဦး အသတ်ခံရ၊စစ်အုပ်စုက ရပ်ကွက်ကို မီးရှို့မယ်လို့ ခြိမ်းခြောက်ပြီး အော်ဟစ်သောင်းကျန်းဟုဆို Reviewed by THITHTOOLWIN on 00:03 Rating: 5

No comments:

Powered by Blogger.