မေ ၂၁၊ ၂၀၂၂။
G-3 သေနတ် တစ်လက်၊ ကျည်ဘောက် နှစ်ခု၊ G-3 ကျည် (၁၉၄) တောင့် ၊ (၄၀)မမ ကျည် တစ်လုံး၊ MK-22 တစ်လက်၊ ကျည်ဘောက် တစ်ခု၊ကျည်တောင့် (၂၀) နှင့်အတူ အလင်းဝင်ရောက်လာသည့်ရဲတပ်သားတစ်ဦးကို PEOPLE'S DEFENCE FORCE -HTILIN (Yaw Region) က ဂုဏ်ပြုငွေကျပ်သိန်း ၁၁၀ ချီးမြှင့်ခဲ့သည်။
မကွေးတိုင်းဒေသကြီး၊ဂန့်ဂေါခရိုင် ၊ထီးလင်းမြို့မ ရဲစခန်းမှ ရဲတပ်သား (၁) ဦးသည် ပြည်သူလူထု၏ ထောက်ခံအားပေးမှုမရှိသော အာဏာရှင်စနစ်ကို လက်မခံနိုင်၍ ထီးလင်းPDFထံဆက်သွယ် CDM ဝင်ရောက်လာခဲ့သည်။
အဆိုပါ ရဲတပ်သားသည် အာဏာသိမ်းပြီးစအချိန် ၇.၃.၂၀၂၁ ရက်နေ့စတင်၍ CDM ပြုလုပ်ခဲ့သော်လည်းပြည်သူလူထုမှ ကာကွယ်ပေးနိုင်ခြင်းမရှိသဖြင့် Non CDM အဖြစ်ဖြင့် ဂန့်ဂေါမြို့ဂိတ်များတွင် တာဝန်ဆက်လက်ထမ်းဆောင်နေခဲ့ရသည်။
သို့သော် အာဏာရှင်စနစ်ကိုမကြိုက်ပဲ PDF ထဲသို့ဝင်ရောက်ရန် စိတ်အားထက်သန်နေသဖြင့် ၁၀.၅.၂၀၂၂ ရက်တွင် CDM ရဲတပ်သားအဖြစ် ဝင်ရောက်လာခဲ့ခြင်းဖြစ်သည်။
ယခုအချိန်တွင် CDM ရဲတပ်သားသည် PDF(Htilin) တပ်ဖွဲ့တွင်ရောက်ရှိနေပြီး "PDF (Htilin) တပ်ဖွဲ့၏ မြေပြင်အခြေအနေများကိုမြင်တွေ့ရပြီး လေးစားမိကြောင်း၊PDF(Htilin) တပ်ဖွဲ့တွင်ရောက်ရှိနေရခြင်းသည် ၎င်းအတွက် လုံခြုံမှု အပြည့်ရှိကြောင်း၊NUG ၏လမ်းစဥ် မူဝါဒများကို နားမလည်သေးသော်လဲ NUG ၏လမ်းစဥ်အတိုင်းလျှောက်လှမ်းသွားမည်ဖြစ်ကြောင်း၊PDF သစ္စာဓိဌာန်ခံယူပြီး PDF(Htilin) တပ်ဖွဲ့နှင့်အတူ ကျရာတာဝန်ထမ်းဆောင်သွားမည်ဖြစ်ကြောင်း" ပြောကြားခဲ့ပါသည်။
အာဏာရှင်စနစ် အမြစ်ပြတ်ရေး တော်လှန်နေကြချိန်တွင် ပြည်သူနဲ့အတူ ပူးပေါင်းရပ်တည် လာခဲ့သည့် CDM ရဲတပ်သားအား ဝမ်းမြောက်စွာ ကြိုဆိုပါသည်ဟု PEOPLE'S DEFENCE FORCE-HTILINကထုတ်ပြန်ထားသည်။
သံလွင်ခက် - Than Lwin Khet News

No comments:
Post a Comment