ထန်းလျက်စားရင်း အပန်းဖြေနေတဲ့စစ်သားတွေ မိုင်းဆွဲခံရလို့ ၃၅ ဦးခန့်သေဆုံးနိုင်


မြိုင် ၊ မေ ၁၂၊ ၂၀၂၂။

မကွေးတိုင်း၊ မြိုင်မြို့နယ်၊ ကိုင်းတောမရွာဘက်ကနေ စစ်ကြောင်းထိုးလာတဲ့ စစ်သားတွေ မေလ ၁၂ ရက်ဒီနေ့ညနေပိုင်းမှာ မိုင်းဆွဲတိုက်ခိုက်ခံရတယ်လို့ သိရပါတယ်။ 

စစ်ကား ၇ စီး၊ စစ်သားအင်အား ၁၅၀ ဝန်းကျင်ပါတဲ့ အဲ့ဒီစစ်ကြောင်းဟာ မြိုင်မြို့နယ်နဲ့ ပေါက်မြို့နယ်အစပ်ရှိ နယ်သတ်ရွာအနီး ခေတ္တနားနေချိန်မှာ အထူးစီမံထားတဲ့မိုင်းနဲ့ တိုက်ခိုက်လိုက်တာလို့ မြိုင် PDF တာဝန်ခံက ပြောပါတယ်။ 

“တိုက်ပွဲကတော့ဘာမှ သေနတ်တချက်မှ မဖောက်လိုက်ရဘူး။ စစ်သားတွေကတော့ ၃၅ ကျော်လောက် တုံးကနဲ လဲသွားကြတာ၊ ‌အထူးစီမံထားတဲ့ မိုင်းတွေခွဲလိုက်တာ၊ ကျ‌နော်တို့ သောက်ရေအိုးစင်လုပ်ထားတာကို သူတို့ရေဝင်သောက်ပြီး ထန်းလျက်တွေစားနေတုန်း မိုင်းဆွဲတာပါ၊ ခေါင်းတွေလက်တွေပြတ်ပြီး ကျနော်တို့ကင်းပုန်းဝတ်နေတဲ့ နေရာအထိ ရောက်လာတယ်“ လို့ သူက ပြောပါတယ်။ 

ဒီတိုက်ခိုက်မှုကြောင့် စစ်သား ၃၅ ဦးဝန်းကျင် ခန့်သေဆုံးနိုင်တယ်လို့ သိရပေမယ့် ဒီသေဆုံးမှုနဲ့ပက်သက်ပြီး မြေလတ်အသံက သီးခြားအတည်ပြုနိုင်ခြင်းမရှိသေးပါဘူး။ တိုက်ခိုက်ပြီးနောက် ဖောကား ၂ စီးနဲ့ အလောင်းတွေကိုကောက်ပြီး သယ်သွားကြတယ်လို့လည်း ဆိုပါတယ်။ 

ပြီးခဲ့တဲ့ မေလ ၁ ရက်နေ့ကလည်း မြိုင်-ပခုက္ကူလမ်းပေါ်မှာ အရာရှိတဦးလိုက်ပါလာတဲ့ ရဲကားကို မိုင်းဆွဲတိုက်ခိုက်ခဲ့သေးတယ်လို့ မြိုင်မြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ ဆီက သိရပါတယ်။ 


မြေလတ်အသံ - Myaelatt Athan 

ထန်းလျက်စားရင်း အပန်းဖြေနေတဲ့စစ်သားတွေ မိုင်းဆွဲခံရလို့ ၃၅ ဦးခန့်သေဆုံးနိုင် ထန်းလျက်စားရင်း အပန်းဖြေနေတဲ့စစ်သားတွေ မိုင်းဆွဲခံရလို့ ၃၅ ဦးခန့်သေဆုံးနိုင် Reviewed by THITHTOOLWIN on 19:34 Rating: 5

No comments:

Powered by Blogger.