စစ်ဆေးနေသော ရဲနှင့်စစ်သားများ ဆိုင်ကယ်ရှော့တိုက်ဒုန်းဖြင့်ဖောက်ခွဲခံရပြီး ၂ ဦးပြင်းထန်ဒဏ်ရာရ

ပုံစာအညွှန်း-ပွင့်ဖြူမြို့အထွက်တွင်စစ်ဆေးရေးလုပ်နေသော စစ်ကောင်စီတပ်ဖွဲ့ဝင်များ(ပုံဟောင်း)

ပွင့်ဖြူ ၊ မေ ၁၉ ၊ ၂၀၂၂။

မကွေးတိုင်း၊ ပွင့်ဖြူမြို့ တောင်ဘက်ဂိတ်တွင် အများပြည်သူများအား စစ်ဆေးရေးများပြုလုပ်နေသော ရဲနှင့်စစ်သားများအား မေလ ၁၈ ရက်နေ့တွင် ဆိုင်ကယ်ရှော့တိုက်ဒုန်းဖြင့်တိုက်ခိုက်ခဲ့ကြောင်း People's Defence Force Pwintbyu တာဝန်ခံက မြေလတ်အသံကိုပြောသည်။

နံနက်ခင်း ၈ နာရီခွဲခန့်မှာ အဝေးပစ်ရှော့တိုက်ဒုန်းများတပ်ဆင်ထားသော ဆိုင်ကယ်ပါတခါတည်းဖောက်ခွဲ ခဲ့ခြင်းဖြစ်ပြီး ပစ္စည်းမပြည့်စုံမှုကြောင့် လိုအပ်ချက်ပစ်မှတ်ကို ထိမှန်အောင်မလုပ်နိုင်ခဲ့သော်လည်း ၂ ဦးလောက်တော့ ပြင်းထန်ဒဏ်ရာရခဲ့ကြကြောင်း ၎င်း ကဆိုသည်။

"ပွင့်ဖြူမြို့တောင်ဘက်ဂိတ်မှာ ရဲနဲ့စစ်သားတွေက အများပြည်သူသွားလာတဲ့လမ်းမှာ ပြည်။ သူလူထုကိုစိတ်အနှောက်အယှက်ဖြစ်အောင် စစ်ဆေးရေးတွေလုပ်နေတဲ့ အတွက်ဖောက်ခွဲတိုက်ခိုက်ခဲ့တာ။ ဆိုင်ကယ်မှာအဝေးပစ်ရှော့တိုက်ဒုံးတွေတတ်ထားပါတယ်။ ဆိုင်ကယ်ပါတခါထဲဖောက်ခွဲဖျက်ဆီးခဲ့တာ၊ ရဲ  ၂ ကောင်အပြင်းအထန်ဒဏ်ရာရရှိသွားတာကို မျက်စိနဲ့မြင်ခဲ့ရပါတယ်" လို့ People's Defence Force Pwintbyu တာဝန်ခံကပြောသည်။

ဒဏ်ရာရရှိသွားတဲ့ ရဲ သားများကို  ပွင့်ဖြူမြို့မရဲစခန်းကိုခေါ်သွားပြီး ဆေးရုံးကြီးကဆရာမခေါ် ဆေးကုသမှုလုပ်နေကြောင်း သိရသည်။

ဒါအပြင် ပွင့်ဖြူအရှေ့ပိုင်းရပ်ကွက် စစ်ကောင်စီခန့် အုပ်ကြီးအိမ်တွင် ခွဲမိုင်းစီစဉ်ထားသော်လည်း ပြည်သူများနှင့် မလွတ်ကင်းတာကြောင့် မဖောက်ခွဲပဲနောက်ဆုတ်ခဲ့ရပြီး နေ့လည် ၂ နာရီခန့်တွင် စစ်သားများတွေ့သွားပြီးဖောက်ခွဲပစ်လိုက်ကြောင်း သူကထပ်မံပြောဆိုသည်။


မြေလတ်အသံ - Myaelatt Athan 

စစ်ဆေးနေသော ရဲနှင့်စစ်သားများ ဆိုင်ကယ်ရှော့တိုက်ဒုန်းဖြင့်ဖောက်ခွဲခံရပြီး ၂ ဦးပြင်းထန်ဒဏ်ရာရ စစ်ဆေးနေသော ရဲနှင့်စစ်သားများ ဆိုင်ကယ်ရှော့တိုက်ဒုန်းဖြင့်ဖောက်ခွဲခံရပြီး ၂ ဦးပြင်းထန်ဒဏ်ရာရ Reviewed by THITHTOOLWIN on 18:40 Rating: 5

No comments:

Powered by Blogger.