သေ့ဘော့ဘိုး စစ်​ကောင်စီ စခန်းကို ဘရာစစ်ကြောင်းနှင့် ပူးပေါင်းတပ်ဖွဲ့များမှ သွားရောက်တိုက်ခိုက်ပြီး သိမ်းယူနိုင်ခဲ့​ကြောင်း သတင်းထုတ်ပြန်

Photo. Cobra Column

19 May 2022

ကရင်ပြည်နယ် မြဝတီခရိုင်၊ မြဝတီ-ဝေါ်လေ ကားလမ်းနံဘေး၊ သေ့ဘော့ဘိုးရွာအနီးရှိ စစ်ကောင်စီ၏ သေ့ဘော့ဘိုး စခန်းကို မေလ ၁၈ရက်နေ့ နံနက်၉နာရီခန့်တွင် ကော်ဘရာစစ်ကြောင်းနှင့် ပူးပေါင်းတပ်ဖွဲ့များမှ သွားရောက်တိုက်ခိုက်ခဲ့ပြီး သိမ်းယူနိုင်ခဲ့ကြောင်း Cobra Column က ထုတ်ပြန်ထားသည်။

၎င်းတိုက်ပွဲတွင် စစ်ကောင်စီတပ်ဘက်မှ သေဆုံးသူများရှိခဲ့ပြီး စစ်ကောင်စီတပ်သား(၆)ဦး ဖမ်းဆီးရမိသည့်အပြင် လက်နက်ခဲယမ်းများလည်း သိမ်းဆည်းရမိခဲ့ကြောင်း ဖော်ပြထားသည်။

ကော်ဘရာစစ်ကြောင်းနှင့် ပူးပေါင်းတပ်ဖွဲ့များဘက်မှ တော်လှန်ရေးရဲဘော် (၃)ဦး ကျဆုံးခဲ့ပြီး (၄)ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့ကြောင်း ဖော်ပြထားသည်။ 

စစ်ကောင်စီတပ်စခန်းကို သွား ရောက်တိုက်ခိုက်နေချိန် မှော်ဘီနှင့် တောင်ငူရှိ စစ်ကောင်စီ လေတပ်စခန်းများမှ တိုက်လေယာဉ်များဖြင့်  တိုက်ခိုက်မှုပေါင်း (၃၅)ကြိမ်ပြုလုပ်ခဲ့ကြောင်း ဖော်ပြထားသည်။ 

၎င်းဒေသကို ကော်ဘရာစစ်ကြောင်းနှင့် ပူးပေါင်းတပ်တို့မှ နယ်မြေရှင်းလင်းရေး ဆက်လက်ဆောင်ရွက်နေကြောင်း ထုတ်ပြန်ထားသည်။


Kachinwaves 

သေ့ဘော့ဘိုး စစ်​ကောင်စီ စခန်းကို ဘရာစစ်ကြောင်းနှင့် ပူးပေါင်းတပ်ဖွဲ့များမှ သွားရောက်တိုက်ခိုက်ပြီး သိမ်းယူနိုင်ခဲ့​ကြောင်း သတင်းထုတ်ပြန် သေ့ဘော့ဘိုး စစ်​ကောင်စီ စခန်းကို ဘရာစစ်ကြောင်းနှင့် ပူးပေါင်းတပ်ဖွဲ့များမှ သွားရောက်တိုက်ခိုက်ပြီး သိမ်းယူနိုင်ခဲ့​ကြောင်း သတင်းထုတ်ပြန် Reviewed by THITHTOOLWIN on 18:33 Rating: 5

No comments:

Powered by Blogger.