မေလ ၂၉ ရက်
ဧရာဝတီတိုင်း၊ကျောင်းကုန်းမြို့မှာ မေလဆန်းပိုင်းက စတင်ပြီး စစ်ကောင်စီက စစ်မှုထမ်းဟောင်းတွေကို နေ့စားခပေးပြန်ခေါ်အသုံးပြု တာတွေပြုလုပ်နေတယ်လို့ သိရပါတယ်။
စစ်တပ်ကနေ သက်ပြည့်အငြိမ်းစားယူထားတဲ့သူတွေကို တနေ့ ၈၀၀၀ ပေးကာ လုံခြုံရေးစောင့်ခိုင်းတာတွေပြုလုပ်နေတာလို့ ဒေသခံတွေကပြောပါတယ်။
" ယူနီဖောင်းတွေဝတ်ထားတယ် ကြည့်လိုက်ရင် သက်ကြီးရွယ်အိုတွေကြီးပဲ တော်တော်အသက်ကြီးနေပြီ တချို့ဆိုဟန်ပြပဲရှိတော့မယ် အဲ့လိုလူတွေကိုပါ ပြန်ခေါ်ခိုင်းနေတာ''လို့ ဒေသခံတဦးက ပြောပါတယ်။
တနေ့ ၈၀၀၀ ထောင်နေ့စားခပေးပြီး ပြန်ခေါ်ထားတဲ့ စစ်မှုထမ်းဟောင်းတွေကို ကျောင်းကုန်းတံတားက စစ်ဆေးရေး ဂိတ်မှာအသုံးများတယ်လို့ ဆိုပါတယ်။
အာဏာသိမ်းစစ်ကောင်စီက တိုင်းရင်းသားဒေသတွေမှာ ပို့ထားရတဲ့အင်အားများသလို အထိနာနေတာကြောင့် တပ်သားလူငယ်အများစုရှေ့တန်းလွှတ်ထားရသလို အင်အားလိုအပ်ချက်တွေကြောင့် ခုလိုမျိုးစစ်မှုထမ်းဟောင်းတွေကို ပြန်ခေါ်သုံးနေရတာဖြစ်မယ်လို့ ရဲတပ်ဖွဲ့ဝင်ဟောင်းတဦးက သုံးသပ်ပြောဆိုပါတယ်။
Ayeyarwaddy Times

No comments:
Post a Comment