မိုးညှင်း - မေ ၁၂၊ ၂၀၂၂။
အင်အား ၂၀၀ ခန့်ပါရှိသော စစ်ကောင်စီစစ်ကြောင်းကို ကချင်လွတ်မြောက်ရေးတပ် (KIA) ပူးပေါင်းတပ်က ယမန်နေ့ညနေ ၆ နာရီခန့်က မိုးညှင်းမြို့နယ် အင်တော်ကြီးဒေသတွင် မိုင်းဆွဲတိုက်ခိုက်ခဲ့ကြောင်းသိရသည်။
အင်းတော်ကြီးဒေသ နန့်မွန်းတောင်ထိပ်မှ ဆင်းလာသော စစ်ကောင်စီ တပ်မ ၃၃ စစ်ကြောင်းကို မိုင်းဆွဲတိုက်ခိုက်ရာ စစ်ကောင်စီ တပ်ဖွဲ့ဝင် သုံးဦး သေဆုံးပြီး ငါးဦး ပြင်းထန်ဒဏ်ရာရရှိခဲ့ကြောင်း မြေပြင်နှင့် နီးစပ်သည့် သတင်းရင်းမြစ်တစ်ဦးက The 74 Media ကိုပြောသည်။
“တောင်ထိပ်ကနေ ခြေလျင်ဆင်းလာတဲ့ စစ်ကောင်စီတွေကို မိုင်းငါးလုံးကျွေးလိုက်တယ်။ ရှေ့တန်းက မျက်မြင်တွေ ပြောပြချက်အရ သိရတာပါ” ဟုသူကပြောသည်။
အင်းတော်ကြီးဒေသ ချောင်းဝကျေးရွာရှိ ပြည်သူ့စစ်စခန်းကိုလည်း ဧပြီလ ၂၈ ရက်နေ့က ကချင်လွတ်မြောက်ရေးတပ် (KIA) နှင့် PDF ပူးပေါင်းတပ်တို့က ဝင်ရောက်မီးရှို့ဖျက်ဆီးခဲ့သည်။
စစ်ကိုင်းတိုင်း အင်းတော်ဒေသတွင်လည်း မေလ ၁၀ ရက်နေ့က စစ်အင်အားတိုးချဲ့လာသည့် ကားရှစ်စီးပါ စစ်ကောင်စီယာဉ်တန်းကို Indaw Revolution -IR ကမိုင်းဆွဲတိုက်ခိုက်ခဲ့ပြီး စစ်ကောင်စီကားတစ်စီး ပျက်စီးခဲ့ကြောင်း သိရသည်။
The 74 Media

No comments:
Post a Comment