အိမ်စီးကားဖြင့်လာသော ရေတပ်ဗိုလ်တဦးမိုင်းဆွဲခံရပြီး သေဆုံး


မြင်းခြံ ၊ မေ ၂၅ ၊ ၂၀၂၂။

မန္တလေးတိုင်းဒေသကြီး၊ မြင်းခြံမြိုနယ်၊ မြို့သာစက်မှုဇုန်နှင့် ဆီမီးခုံရေနက်ဆိပ်ကမ်းအကြားတွင် အသွားအပြန်လုပ်နေသော စစ်သားများ မောင်းနှင်လာသည့် အိမ်စီးကားတစီး မိုင်းဆွဲခံရပြီး ရေတပ်ဗိုလ်တဦး သေဆုံးခဲ့ကြောင်း မြောင်မြိုနယ်ပြည်သူ့ကာကွယ်ရေးနှင့်လုံခြုံရေးအဖွဲ - CDSOM ဗိုလ်မင်းယ္ခက ပြောသည်။

မေလ ၂၃ ရက်နေ့  ဆီမီးခုံမှ မြင်းခြံသို့ အနီရောင် Honda Fit ကားကိုစီးနင်းလိုက် ပါလာသော စစစ်ကောင်စီ ရဲဘော် ၄ ဦး ရေတပ်ဗိုလ် ၁ ဦးတို့ကို  မိုင်းဆွဲတိုက်ခိုက်ခဲ့ကြခြင်းဖြစ်ကြောင်း သိရသည်။

 စက်မှုဇုန်နဲ့ ဆီမီးခုံအကြားမှာကျနော်တို့အဖွဲ့ခွဲရောင်နီအဖွဲ့က မိုင်းဆွဲလိုက်တာ၊ ရေတပ်ဗိုလ်တော့ကျတယ်လို့ပြောတယ်၊ ကျန်တာတော့ကျနော်တို့လည်း တိတိကျကျတော့မသိရသေးဘူး၊ ကားကတော့စုပ်ပြတ်သပ်သွားတယ်၊ ရေတပ်ဗိုလ်တဦးပဲကျဆုံးပြီး ကျန်တာကထိခိုက်ဒဏ်ရာရတယ်လို့သိရတယ်၊ မိုင်းကတော့ အမျိုးသမီးစစ်သည်တော်ဆီကမိုင်းတွေယူသုံးရတာ" ဟု ဗိုလ်မင်းယ္ခက ပြောသည်။

အဲဒီစစ်ဆင်ရေးကို မြောင်မြိုနယ်ပြည်သူ့ကာကွယ်ရေးနှင့်လုံခြုံရေးအဖွဲ - CDSOM၊ နောင်ရိုးအထူးပြောက်ကျားတပ် (မြင်းခြံခရိုင် တပ်ရင်း ၆၊ တပ်ခွဲ၁)၊ အမျိုးသမီးစစ်သည်တော်တပ်ရင်း (မြောင်) – M2W စသော မဟာမိတ်အဖွဲတွေက ပူးပေါင်းတိုက်ခိုက်ခဲ့ကြောင်းသိရသည်။


မြေလတ်အသံ - Myaelatt Athan 

အိမ်စီးကားဖြင့်လာသော ရေတပ်ဗိုလ်တဦးမိုင်းဆွဲခံရပြီး သေဆုံး အိမ်စီးကားဖြင့်လာသော ရေတပ်ဗိုလ်တဦးမိုင်းဆွဲခံရပြီး သေဆုံး Reviewed by THITHTOOLWIN on 00:17 Rating: 5

No comments:

Powered by Blogger.