ထန်းတပင်မြို့နယ်မှာ လူမိုက် ဒလန်ဆိုသော ချဲနှစ်လုံးရောင်းသူ တစ်ဦးပစ်ခတ်ခံရ

(မေလ ၂၉ ရက်)

ရန်ကုန်တိုင်းဒေသကြီး၊ လှိုင်သာယာနှင့်ထန်းတပင်မြို့အစပ် အနောက်ပိုင်းတက္ကသလိုလ်လမ်းတွင် ဒီကနေ့ နံနက် (၇:၀၀)ဝန်းကျင်အချိန်ခန့်က လူတစ်ဦး သေနတ်နဲ့ပစ်ခတ်ခံရကြောင်းသိရသည်။

အဆိုပါ ပစ်ခတ်ခံရသူသည် မြို့နယ်တွင်း လူမိုက် ဒလန်ဟု ကျော်ကြားသူ ချဲနှစ်လုံးဒိုင် သန်းဇော်ဖြစ်ကြောင်းသိရပြီး ပစ်ခတ်ခံရမှုကြောင်း နေရာတွင်ပွဲချင်းပြီး သေဆုံးသွားခဲ့ကြောင်းသိရှိရပါသည်။

၎င်းပစ်ခတ်ခံရမှုနဲ့ပတ်သက်၍ Five Revolutionary Giants က လူမိုက်သန်းဇော်ဟာ စစ်တပ်သတင်းပေးတစ်ဦးဖြစ်သလို ပျူစောထီးခေါင်းဆောင်တစ်ဦးလည်း ဖြစ်တာကြောင့် ပစ်ခတ်လိုက်ခြင်းဖြစ်ကြောင်းသိရှိရပါသည်။


HTY Information

ထန်းတပင်မြို့နယ်မှာ လူမိုက် ဒလန်ဆိုသော ချဲနှစ်လုံးရောင်းသူ တစ်ဦးပစ်ခတ်ခံရ ထန်းတပင်မြို့နယ်မှာ လူမိုက် ဒလန်ဆိုသော ချဲနှစ်လုံးရောင်းသူ တစ်ဦးပစ်ခတ်ခံရ Reviewed by THITHTOOLWIN on 22:13 Rating: 5

No comments:

Powered by Blogger.