![]() |
ဓာတ်ပုံ- မီးရှို့ဖျက်ဆီးခံနေရသည့် မြောင်မြို့နယ်အတွင်းမှ ရွာတစ်ရွာ/ CDSOM |
မြောင်၊ မေ ၁၉
စစ်ကိုင်းတိုင်း မြောင်မြို့နယ် ညောင်ကားယားကျေးရွာရှိ နေအိမ်များကို မီးရှို့ဖျက်ဆီးနေသည့် အကြမ်းဖက်စစ် ကောင်စီတပ်ကို ဒေသခံတော်လှန်ရေးတပ်ဖွဲ့များက ယမန်နေ့ မေလ ၁၈ ရက်က အဝေးထိန်းမိုင်းဖြင့် တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီလက်ပါးစေအမြောက်အများဒဏ်ရာ ရရှိခဲ့ကြောင်း မြောင်မြို့နယ်ပြည်သူ့ကာကွယ်ရေးနှင့်လုံခြုံရေးအဖွဲ့ CDSOM မှ သိရသည်။
"စလစ်မိုင်း ၂ ဆင့်၊ ၁ ဆင့် ပြင်းအားမြှင့်ပြီး အသုံးပြုထားပါတယ်။ ရွာထဲကို မိုင်းဆင်ထားတယ်။ ခွေး(အကြမ်းဖက် စစ်ကောင်စီတပ်သားများ) တွေ ရွာထဲဝင်လာတော့ လမ်းကြောင်းကို ဒရုန်းနဲ့စောင့်ကြည့်ပြီး ဖောက်ခွဲတာအဝေးထိန်း နဲ့ " ဟု CDSOM မှ ပြန်ကြားရေးတာဝန်ခံ တစ်ဦးက လူငယ်ခေတ်သို့ပြောသည်။
ညောင်ကားယားရွာသို့ အကြမ်းဖက်စစ်ကောင်စီတပ်မှ မီးရှို့ရန်လာရောက်စဉ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များက ရှေ့ထွက်မိုင်း (၂) လုံးဖြင့် ဖောက်ခွဲတိုက်ခိုက်ခဲ့ရာ ဒဏ်ရာရာ စစ်ကောင်စီလက်ပါးစေများကို ထမ်းပြီး ခေါ်ဆောင်သွားရကြောင်း CDSOM က ယနေ့ မေ၁၉ရက်တွင် ထုတ်ပြန်သည်။
ထို့နောက် အကြမ်းဖက်စစ်ကောင်စီဖက်မှ ညောင်ကားယားရွာကို မီးရှို့ဖျက်ဆီးနေစဉ် ထပ်မံ၍ မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ စစ်ကောင်စီလက်ပါးစေများဘက်မှ သေဆုံးမှုများရှိနိုင်ကြောင်း ထုတ်ပြန်ထားသည်။
" ထိတယ် သေတာတွေရှိတယ်။ ခွေး(အကြမ်းဖက်စစ်ကောင်စီလက်ပါးစေတပ်သားများ) သေစာရင်းက မနေ့က မှောင်သွားတော့ သေချာမသိရသေးဘူး" ဟု CDSOM မှ ပြန်ကြားရေးတာဝန်ခံ တစ်ဦးက လူငယ်ခေတ်သို့ပြောသည်။
အဆိုပါ မိုင်းဆွဲတိုက်ခိုက်မှုကို CDSOM နှင့်အတူ Myinmu Civil Revolution Force -CRF Myinmu ၊ ဗိုလ်တောက်ထွန်းအဖွဲ့၊ Myaung fighter defense force ၊ Myaung farmer defense force ၊ နှလုံးလှ လူမိုက်ကြီးများအဖွဲ့၊ People defense Force -taloke၊ MGN Ranger ၊ Black eagle defense force စသည့် မဟာမိတ်အဖွဲ့များမှ ပူးပေါင်းလုပ်ဆောင်ခဲ့ခြင်းဖြစ်ကြောင်း ထုတ်ပြန်ထားသည်။
အကြမ်းဖက်စစ်ကောင်စီတပ်သားများသည် ညောင်ကားယားရွာရှိ အိမ်ခြေ ၃၀ ကိုမီးရှို့ဖျက်ဆီးခဲ့သလို ယနေမေလ ၁၉ ရက်မနက်ပိုင်းတွင်လည်း အင်အား ၁၀၀ ခန့်ဖြင့် ရွာပုလဲကျေးရွာကို မီးရှို့ဖျက်ဆီးနေကြောင်း ဒေသခံများ ထံ မှ သိရသည်။
Lu Nge Khit

No comments:
Post a Comment