ပင်းတယ၊ မေ (၁၀)
ရှမ်းပြည်နယ်တောင်ပိုင်း၊ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ပင်းတယမြို့နယ်၌ အကြမ်းဖက်စစ်ကောင်စီလက်အောက်ခံ အုပ်ချုပ်ရေးမှူးတစ်ဦး ယနေ့သေနတ်ဖြင့်အပစ်ခံရပြီး သေဆုံးသွားကြောင်း ဒေသခံများထံမှ သိရသည်။
ပစ်သတ်ခံရသူမှာ ပင်းတယမြို့နယ်၊ ပန်းစစ်ကျေးရွာ အုပ်ချုပ်ရေးမှူး ဦးရွှေဖီဆိုသူဖြစ်ပြီး ယနေ့ မနက် (၆) နာရီ၌ အမည်မသိသနတ်သမားက ပစ်ခတ်သွားခြင်းဖြစ်သည်ဟု ဆိုကြသည်။
“ဘယ်အဖွဲ့ကလုပ်တာတော့ မသိဘူး အခုတော့သေပြီ။ သူ့ကြောင့်အဖမ်းခံရတဲ့ ပြည်သူ (၂၀) ကျော်လောက်ရှိတယ်။ သူကို သတိပေးတာတွေရှိတယ်လို့ကြားတယ်၊ သူက ဂရုမစိုက်ဘဲ ဆက်လုပ်နေတာ။” ဟု ဒေသခံတစ်ဦးက လူငယ့်ခေတ်သို့ ပြောသည်။
ထိုပစ်ခတ်မှုဖြစ်စဉ်နှင့်ပတ်သက်ပြီး မည်သူ၊ မည်သည့်အဖွဲ့က လုပ်ဆောင်ခြင်းဖြစ်ကြောင်းကိုမူ လူငယ်ခေတ်အနေဖြင့် မသိရသေးပေ။
ပန်းစစ်ကျေးရွာ၌ ပြီးခဲ့သည့် ဇန်နဝါရီလ (၂၅) ရက်ကလည်း အကြမ်းဖက်စစ်ကောင်စီလက်အောက်ခံ ရပ်ကျေးစာရေးတစ်ဦး သတ်ဖြတ်ခံခဲ့ရသေးသည်။
ထို့ပြင် မတ်လ (၂၁) ရက်က ဒလန်ဟုနာမည်ကြီးပြီး ပျုစောထီးခေါင်းဆောင်အဖြစ် နာမည်ထွက်နေသည့် ပင်းတယမြို့နယ်မှ ဦးမိုးမြင့်သူလည်း သေနတ်ဖြင့် ပစ်ခတ်ခံရပြီး သေဆုံးခဲ့သည်။
Lu Nge Khit

No comments:
Post a Comment