စစ်ကိုင်းတိုင်း အရာတော်မြို့နယ်တွင် စစ်ကောင်စီ၏ ခြေလျင်စစ်ကြောင်း မိုင်းဆွဲခံရပြီး ဗိုလ်အဆင့်တစ်ဦးအပါအဝင် ငါးဦးသေဆုံးကြောင်း လျှပ်စီးမိုးကြိုးမုန်တိုင်းတပ်ဖွဲ့က ယနေ့(မေ ၁၉ ရက်) ထုတ်ပြန်သည်။
တိုက်ခိုက်မှုဖြစ်စဥ်မှာ ယမန်နေ့(မေ ၁၈ ရက်) နံနက်ပိုင်းက အရာတော်မြို့နှင့် နောင်ကြီးအိုင်ရွာကြား တောလမ်းတစ်နေရာတွင် အင်အား ၂၀ခန့်ပါ စစ်ကောင်စီ စစ် ကြောင်းကို လျှပ်စီးမိုးကြိုးမုန်တိုင်းတပ်ဖွဲ့ ဦးဆောင်၍ အရာတော်မြောက်ပိုင်းမဟာမိတ်ညီနောင်များ တပ်ဖွဲ့တို့ပူးပေါင်းဆောင်ရွက်ခဲ့သည်ဟု ဆိုသည်။
မိုင်းဆွဲမှုကို ကင်းထောက်ဒရုန်းအသုံးပြုကာ မိုင်းသုံးလုံး ဖောက်ခွဲ တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး စစ်အုပ်စုဘက်မှ ငါးဦး သေဆုံးပြီး ဒဏ်ရာပြင်းထန်ရရှိသူ ခုနစ်ဦးခန့် ရှိနိုင်ကြောင်း ခန့်မှန်းသည်။
အကြမ်းဖက်စစ်အုပ်စု မိုင်းခွဲတိုက်ခိုက်ခံရပြီးချိန်တွင် အရာတော်မြို့ အမြှောက်တပ်မှ လက်နက်ကြီးတပ်ဆင်ထားသည့် တင့်ကားတစ်စီး ရောက်ရှိလာပြီးနောက် နောင်ကြီးအိုင်ကျေး ရွာနေအိမ်များကို တင့်ကားကျည်အများအပြားဖြင့် ပစ်ခတ်ခဲ့ရာ နေအိမ်အချို့ အများအပြား ပျက်စီးခဲ့သည်ဟု ထုတ်ပြန်ချက်တွင် ဖော်ပြသည်။
ယခုလ ၁၇ ရက်ကလည်း အရာတော်မြို့နယ် ထန်းတောကုန်းရွာတိုက်ပွဲတွင် စစ်ကောင်စီတပ်မှ သေဆုံးဒဏ်ရာရရှိသူ ရှစ်ဦးရှိကြောင်း အရာတော်မြို့နယ်တော်လှန်ရေးအင်အားစုက ဆိုသည်။
ဒဏ်ရာရရှိသူနှင့် သေဆုံးခဲ့သော စစ်ကောင်စီတပ်သားများကို သံချပ်ကာ ကား(၂)စီးဖြင့် လာရောက်သယ်ယူစဉ် ထပ်မံမိုင်းဆွဲခဲ့ကြောင်း အရာတော်မြို့နယ်တော် လှန်ရေးအင်အားစုARA မှ ဗိုလ်ပေါက်စီက People's Springသို့ ပြောထားသည်။
ထို့အပြင် ဗိုလ်အဆင့်အရာရှိတစ်ဦးကို ယမန်နေ့ (မေ ၁၈ရက်) ညနေပိုင်း၌ စခတ(၁၀)တပ်အနီးရှိ တော်လှသုဿန်တွင် သေနတ်ပစ်ဖောက်၍ နေ့ချင်းသဂြိုလ်ခဲ့ကြောင်း အသိပေးသည်။
ယခုလ ၂ ရက်နေ့ကစ၍ အင်အား ၂၀၀ခန့်ပါစစ်ကောင် စီစစ်ကြောင်းသည် အရာတော် - မြင်းမူ ဒေသအစပ် ကန်ရင်းကျေးရွာသို့ ဝင်ရောက်ပြီးနောက် အရာတော်နယ် မလဲသာ ၊ ညောင်ပင်သာရွာနှင့် ချင်ပင်ကျေးရွာတို့ကို ရွာလုံးကျွတ်မီးရှို့ထားသည်။
People's Spring

No comments:
Post a Comment