ရေမျက်နီရွာအနီး စစ်ကောင်စီတပ်နှင့်ယောဒေသတော်လှန်ရေးတပ်ပေါင်းစုများတိုက်ပွဲတွင် စစ်ကောင်စီ တပ်သား ၅ဦးသေဆုံးပြီး အများအပြားဒဏ်ရာရ


ထီးလင်း၊ မေ ၂၁ 

မကွေးတိုင်း ဒေသကြီး ထီးလင်းမြို့နယ်၊ရေမျက်နီရွာအနီး စစ်အုပ်စုစစ်ကြောင်း နှင့်ယောဒေသတော်လှန်ရေးတပ်ပေါင်းစုများ ယမန်နေ့ မေလ၂၀ရက်ကတိုက်ပွဲဖြစ်ပွားခဲ့ပြီး စစ်ကောင်စီတပ်သား၅ဦးသေဆုံးကာ အများအပြားဒဏ်ရာရရှိခဲ့ကြောင်း YRPAတပ်ပေါင်းစုကထုတ်ပြန်ထားသည်။

"လက်နက်ကြီး လက်နက်ငယ် အပြန်အလှန်ပစ်ခတ်မှုများအတွင်း မိမိဖက်မှ စနိုက်ပါဖြင့် ရန်သူ့စစ်ကောင်စီတပ်သား သုံးယောက်ကို ရှင်းလင်းခဲ့ပါတယ်" ဟု ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ယမန်နေ့ ( မေလ၂၀ )ရက်​ ညနေ ၅ ရီအချိန် ခန့်က ရေမျက်နီရွာအနီး စစ်အုပ်စုနှင့် ယောဒေသတော်လှန်ရေးတပ်ပေါင်းစုများပူးပေါင်းတိုက်ပွဲဖြစ်ပွားခဲ့ပြီး တိုက်ပွဲချိန် တစ်နာရီခွဲခန့်ကြာမြင့်ကာ လက်နက်ကြီးနက်လက်ငယ်များဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ကြသည်ဟုထုတ်ပြန်ချက်တွင် ရေးသားထားသည်။

ပစ်ခတ်တိုက်ခိုက်မှုများကြောင့်  စစ်အုပ်စုဘက်မှ စုစုပေါင်းတပ်သား ၅ဦးသေဆုံးခဲ့ပြီး အများအပြားဒဏ်ရာရကာ ရေမျက်နီကျေးရွာသို့ပြန်လည်ဝင်ရောက်သွားကြောင်းသိရသည်။

တိုက်ပွဲအတွင်း ဒေသခံပြည်သူ့ကာကွယ် ရေးတပ်များဘက်မှ ရဲဘော်တစ်ဦးလက်နက်ကြီးထိမှန်ကာ စိုးရိမ်ရဒဏ်ရာရရှိခဲ့ကြောင်းသိရသည်။ ကာကွယ်ရေးတပ်များဖက်က လက်နက်ကြီးပစ်ခတ်ရာတွင် ရန်သူ့ပစ်မှတ်များသို့ အကြိမ်ရေ ငါးဆယ် ကျော်ထိမှန်ခဲ့ပြီး ရန်သူထိခိုက်ဆုံးရှုံးမှု ပိုများနိုင်ကြောင်းနှင့်နေပြည်တော်DRONE တပ်ရင်းမှလည်း YRPA နှင့်အတူ ပူးပေါင်း ပါဝင် တိုက်ခိုက်ခဲ့ကြောင်းထုတ်ပြန်ထားသည်။


Lu Nge Khit

ရေမျက်နီရွာအနီး စစ်ကောင်စီတပ်နှင့်ယောဒေသတော်လှန်ရေးတပ်ပေါင်းစုများတိုက်ပွဲတွင် စစ်ကောင်စီ တပ်သား ၅ဦးသေဆုံးပြီး အများအပြားဒဏ်ရာရ ရေမျက်နီရွာအနီး စစ်ကောင်စီတပ်နှင့်ယောဒေသတော်လှန်ရေးတပ်ပေါင်းစုများတိုက်ပွဲတွင် စစ်ကောင်စီ တပ်သား ၅ဦးသေဆုံးပြီး အများအပြားဒဏ်ရာရ Reviewed by THITHTOOLWIN on 20:21 Rating: 5

No comments:

Powered by Blogger.