မုံရွာ - စစ်ကိုင်းလမ်းမှာ သံချပ်ကာကား အပါအဝင် ကားသုံးစီးနဲ့ သွားလာနေတဲ့ စစ်အုပ်စုကို မိုင်းဆွဲ

Farmers Revolution Force FRF (CHU)ရဲ့ လက်လုပ်မိုင်းတချို့/Photo - Farmers Revolution Force FRF (CHU) 

မေ-၂၆

မုံရွာ - စစ်ကိုင်းလမ်းအတိုင်း မုံရွာကနေ စစ်ကိုင်းဘက်ကို သံချပ်ကာကားနှစ်စီး အပါအဝင် ကားသုံးစီးနဲ့ သွားလာနေတဲ့ စစ်ကောင်စီ အကြမ်းဖက်သမားတွေကို ဒီကနေ့ မနက်(၈)နာရီကျော်အချိန် မိုင်းထောင်ဖောက်ခွဲ တိုက်ခိုက်ခဲ့ရာမှာ သံချပ်ကာတစ်စီး မိုင်းထိပျက်စီးပြီး စကစတွေလည်း ထိခိုက်သေဆုံးသူ အများအပြား ရှိနိုင်တယ်လို့ စစ်ကိုင်းခရိုင် တပ်ရင်း(၁)က သတင်းထုတ်ပြန်ပါတယ်။

ဒီကနေ့ မေ(၂၆)ရက် မနက်(၆)နာရီကျော်က အကြမ်းဖက်စစ်အုပ်စုရဲ့ ကားတွေကို ချောင်းဦးမြို့နှင့် မြင်းမူမြို့နယ် ဂွေးပင်တောရွာကြားမှာ မိုင်းဆွဲတိုက်ခိုက်ခဲ့တာလို့ ဆိုပါတယ်။

“ချောင်းဦး-မြင်းမူ ကားလမ်းပိုင်းတစ်နေရာ မနက် (၈) နာရီခန့်တွင် ခွေးများ စီးလာသော သံပြားကာ ကားနှစ်စီးကို ကျွန်ုပ်တို့ ညီနောင်မဟာမိတ်များဖြစ်ကြသော Farmers Revolution Force FRF (CHU) တပ်ရင်းမှ ဦးဆောင်၍ Chaung U Revolution Army (CRA)၊ Black Eagle Defence Force နှင့် Zarmini MMU တို့မှ မိုင်းခွဲတိုက်ခိုက်ခဲ့ရာ မုန့်ဟင်းခါးပွဲရေ (၂၉) ပွဲထွက်ရှိသွားသည်ဟု သတင်းရရှိပါသည် ခင်ဗျာ” လို့  Farmers Revolution Force FRF (CHU) က ဖော်ပြပါတယ်။

လက်ရှိမှာ အကြမ်းဖက် စစ်အုပ်စုက စစ်ကိုင်း - မုံရွာ လမ်းတလျှောက်က ရွာတွေနှင့် ချောင်းဦး၊ မြင်းမူစတဲ့ နယ်တွေ အပါအဝင် စစ်ကိုင်းတိုင်းထဲ ရွာစဉ်ပတ်မွှေကာ လူသတ်၊ ဓားပြတိုက်လုယက်၊ ဖောက်ထွင်းခိုးယူ၊ နေအိမ်မီးရှို့၊ ဖမ်းဆီးငွေညှစ်တာတွေ ထင်တိုင်းကျဲ ကျူးလွန်နေတာ ဖြစ်ပါတယ်။


Mandalay Free Press - MFP

မုံရွာ - စစ်ကိုင်းလမ်းမှာ သံချပ်ကာကား အပါအဝင် ကားသုံးစီးနဲ့ သွားလာနေတဲ့ စစ်အုပ်စုကို မိုင်းဆွဲ မုံရွာ - စစ်ကိုင်းလမ်းမှာ သံချပ်ကာကား အပါအဝင် ကားသုံးစီးနဲ့ သွားလာနေတဲ့ စစ်အုပ်စုကို မိုင်းဆွဲ Reviewed by THITHTOOLWIN on 19:30 Rating: 5

No comments:

Powered by Blogger.