မင်းကင်းနယ် ကျော်ရွာမှာ ရှိတဲ့ အကြမ်းဖက်စစ်အုပ်စုရဲ့ ပျူစခန်းကို (၅)နာရီကျော်ကြာ တိုက်ခိုက်၊ စကစနဲ့ ပျူ (၁၅)ဦးထက်မနည်းသေ


မေ -၂၇

စစ်ကိုင်းတိုင်း မင်းကင်းမြို့နယ် ကျော်ရွာမှာ အထိုင်ချနေတဲ့ အကြမ်းဖက် စစ်အုပ်စုရဲ့ ပျူစခန်းကို ဒေသကာကွယ်ရေး မဟာမိတ်တပ်တွေက သွားရောက်တိုက်ခိုက်ခဲ့ပြီး မေ(၁၃)ရက်က (၅)နာရီကြာ တိုက်ပွဲဖြစ်ပွားခဲ့ကာ စကစနဲ့ ပျူ (၁၅)ဦးထက်မနည်း သေတယ်လို့ မုံရွာခရိုင် တပ်ရင်း အမှတ်(၁)၊ MPDF(Kani) - ကနီတပ်ခွဲ က သတင်းထုတ်ပြန်ပါတယ်။

“ခရီးရက်ရှည် သွားရောက်ကာ တိုက်ပွဲ ကြာမြင့်ချိန် (၅)နာရီကျော် ကြာ၍ MPDF ရဲဘော်များနှင့်အတူ မဟာမိတ် တပ်ပေါင်းစုများနှင့် ထိုးစစ်ဆင်ကာ စကစတို့ ပထမ ခံစစ်စည်းမှ ဆုတ်ခွာကာ မုန့်ဟင်းခါးပွဲရေ (၁၅)ပွဲထက်မနည်း ရရှိခဲ့သော တိုက်ပွဲ မှတ်တမ်း။ ကျည်ဆံများကြားမှ ရိုက်ယူမိသလောက် ချစ်သော ပြည်သူများကို တင်ပြလိုက်ပါသည်။ ပြည်သူကမွေး ပြည်သူကကျွေး ပြည့်သူ့ဘက်တော်သားတို့ အနေနှင့် အဆုံးတိုင် တိုက်ပွဲဝင်ပါမည်ဟု သစ္စာပြုလျက်” လို့ MPDF(Kani) - ကနီတပ်ခွဲ က ဖော်ပြပါတယ်။

မင်းကင်းနယ် ကျော်ရွာထဲ အထိုင်ချနေတဲ့ စစ်ကောင်စီ အကြမ်းဖက်သမားတွေကို MPDF (ကနီ)တပ်ခွဲ အပါအဝင် ဒေသကာကွယ်ရေး တပ်ဖွဲ့တွေ ဖြစ်တဲ့ တောင်တွင်း(TDPDF) မင်းကင်း၊ MPDF DEMO တပ်ခွဲ၊ ၊ MPDF သံမဏိတပ်ခွဲ၊ မဟူရာကျားရိုင်း တပ်ရင်း (KPDF-3)၊ KPDF-2၊ ဆရာစံတပ်ရင်း၊ ရွှေတြိဂံတပ်ရင်း၊ ကျောက်လုံးကြီး(KLGPDF)နှင့် နယ်မြေခံ ပကဖတပ်တွေ ပူးပေါင်းပြီး မေ(၃)ရက်ကနေ (၁၈)ရက်အထိ အကြိမ်ကြိမ် သွားရောက်တိုက်ခိုက်ခဲ့တာလို့ ဆိုပါတယ်။

ကျော်ရွာထဲက စစ်ကောင်စီ အကြမ်းဖက်သမားတွေကို တိုက်ခိုက်နိုင်ဖို့ (၅)ရက်ကြာ ခရီးသွားခဲ့ရပြီး မေ(၁၃)ရက်က ဖြစ်ပွားခဲ့တဲ့ တိုက်ပွဲမှာ စစ်ပွဲအသုံးစရိတ် ကျပ်သိန်း(၂၀၀)ကျော်အထိ ကုန်ကျခဲ့သလို စစ်ကောင်စီ အကြမ်းဖက်သမား (၁၅)ဦးထက်မနည်းကို သုတ်သင်နိုင်ခဲ့တယ်လို့လည်း MPDF (ကနီ)တပ်ခွဲ က ဆိုပါတယ်။

အကြမ်းဖက် စစ်အုပ်စုဟာ မင်းကင်းနယ် အပါအဝင် စစ်ကိုင်းတိုင်းထဲက မြို့နယ်တွေကို အင်တာနက် ဖြတ်တောက်ထားပြီး လက်နက်အားကိုးနှင့် ရွာစဉ်ပတ်မွှေကာ လူသတ်၊ လုယက်၊ ဓားပြတိုက်၊ ဖောက်ထွင်းခိုးယူ၊ နေအိမ်မီးရှို့၊ ဖမ်းဆီးငွေညှစ်တာတွေ ကျူးလွန်နေပါတယ်။


Mandalay Free Press - MFP

မင်းကင်းနယ် ကျော်ရွာမှာ ရှိတဲ့ အကြမ်းဖက်စစ်အုပ်စုရဲ့ ပျူစခန်းကို (၅)နာရီကျော်ကြာ တိုက်ခိုက်၊ စကစနဲ့ ပျူ (၁၅)ဦးထက်မနည်းသေ မင်းကင်းနယ် ကျော်ရွာမှာ ရှိတဲ့ အကြမ်းဖက်စစ်အုပ်စုရဲ့ ပျူစခန်းကို (၅)နာရီကျော်ကြာ တိုက်ခိုက်၊ စကစနဲ့ ပျူ (၁၅)ဦးထက်မနည်းသေ Reviewed by THITHTOOLWIN on 23:37 Rating: 5

No comments:

Powered by Blogger.