စစ်တပ်မော်တော် (၆)စီးအုပ်စုကို ရေမြှပ်မိုင်းနဲ့တိုက်ခိုက်လို့ တစ်စီး၀မ်းပေါက်ကာ စနိုက်ပါ (၂) ယောက်သေ


မေ - ၂၁

စစ်ကိုင်းတိုင်း၊ မင်းကင်းမြို့နယ် မြစ်ရိုးအထက် တရာ၊ ရွာဘ၊ ရှမ်းတောရွာ‌ တွေကို မီးရှို့ဖျက်ဆီးပြီး စုန်ဆင်းလာတဲ့ စခမော်တော် (၆)စီးအုပ်စုကို ဒီနေ့မှာ မင်းကင်းမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ် တပ်ရင်း(၃)က ရေမြှုပ်မိုင်း၊ လက်နက်ကြီး‌တွေနဲ့ စောင့်ကြိုတိုက်ခိုက်ခဲ့ပါတယ်။ 

အဲဒီလို အပြင်းအထန်တိုက်ခိုက်ခဲ့တဲ့အတွက် မော်တော်အုပ်စုက တစ်စီး ၀မ်းပေါက်သွားပြီး ယခုနှင်းကြီး တွင်ဆိုက်ကပ်ထားတယ်လို့ သိရပါတယ်။ 

ဝမ်း‌ဗိုက်ပေါက်သွားတဲ့ မော်တော်ပေါ်က စနိုက်ပါ (၂)ယောက်လည်း တပ်ရင်း(၃) တပ်သားတွေရဲ့လက်ချက်နဲ့ သေဆုံးခဲ့တယ်လို့ အဲဒီတပ်ရင်း (၃) က ထုတ်ပြန်ထားပါတယ်။ 

မေလ (၈) ရက်နေ့ကလည်း အထက်စသာကျေးရွာအနီး ထိတွေ့မှုဖြစ်ခဲ့တဲ့ တိုက်ပွဲမှာ ပျူ (၂)ယောက်၊ စစ်သား တစ်ယောက် သေဆုံးခဲ့ပါသေးတယ်။ 


Mandalay Free Press - MFP

စစ်တပ်မော်တော် (၆)စီးအုပ်စုကို ရေမြှပ်မိုင်းနဲ့တိုက်ခိုက်လို့ တစ်စီး၀မ်းပေါက်ကာ စနိုက်ပါ (၂) ယောက်သေ စစ်တပ်မော်တော် (၆)စီးအုပ်စုကို ရေမြှပ်မိုင်းနဲ့တိုက်ခိုက်လို့ တစ်စီး၀မ်းပေါက်ကာ စနိုက်ပါ (၂) ယောက်သေ Reviewed by THITHTOOLWIN on 20:35 Rating: 5

No comments:

Powered by Blogger.