ဝမ်းတွင်းမြို့အထွက်မှာ စစ်ကားတစ်စီး မိုင်းဆွဲတိုက်ခိုက်ခံရ


မေ - ၁၃ 

မန္တလေးတိုင်း ဝမ်းတွင်းမြို့အထွက် သဲတောရွာအနီးမှာ စစ်ကားတစ်စီးကို မနေ့ညပိုင်းက မိုင်းဆွဲတိုက်ခိုက်ခဲ့တယ်လို့ ဝမ်းတွင်းမြို့နယ် တော်လှန်ရေးအင်အားစု (WTRF) က သတင်းထုတ်ပြန်ပါတယ်။ 

မနေ့က ညနေ (၇)နာရီခန့်မှာ သဲတောအဝင် လိပ်တက်ရွာအနောက်ဘက် တံတားမှာ စစ်ကားကို မိုင်းဆွဲတိုက်ခိုက်ခဲ့တာဖြစ်ပြီး ကားကို အရှိန်ပြင်းစွာနဲ့ မောင်းပြေးသွားတယ်လို့ ဖော်ပြထားပါတယ်။ 

ဆေးရုံထဲကို ဝင်သွားတယ်လို့လည်း သိရပြီး ထိခိုက်သေဆုံးမှု အခြေအနေကိုတော့ အတည်မပြုနိုင်သေးပါဘူး။ 

ဝမ်းတွင်းမြို့နယ် တော်လှန်ရေးအင်အားစုဟာ ဒီရက်ပိုင်းမှာ ဆက်တိုက်ဆိုသလိုပဲ စစ်အုပ်စုကို တိုက်ခိုက်နေတာဖြစ်ပြီး မနေ့က မေလ (၁၂)ရက်မှာလည်း ဝမ်းတွင်းမြို့နယ် သခွတ်မြင့်ရွာက ပျူစောထီးသင်တန်းဆင်း သတင်းပေး ကျော်ဝင်းဆိုသူကို ရှင်းလင်းခဲ့ပါသေးတယ်။ 

ဒါ့အပြင် မေလ (၆)ရက်နဲ့ (၇)ရက်မှာလည်း ဝမ်းတွင်းလျှပ်စစ်ရုံး ဝန်ထမ်းအိမ်ရာနဲ့ မြို့အထွက် စစ်ဆေးရေးဂိတ်ကို တိုက်ခိုက်ခဲ့ပြီး ဂိတ်စောင့် ရဲနှစ်ယောက် သေဆုံးခဲ့ပါတယ်။ 

ဧပြီလအတွင်းမှာလည်း ဝမ်းတွင်းမြို့နယ်က ပျူစောထီးတို့ရဲ့ဖခင်လို့ ဆိုကြတဲ့ နိုင်လိုက် ဆီဆိုင်ပိုင်ရှင် ဦးထွန်းနိုင်ကို ဝမ်းတွင်းမြို့နယ် တောင်လှန်ရေးအင်အားစုက သုတ်သင်ရှင်းလင်းခဲ့တယ်လို့ ထုတ်ပြန်ထားပါတယ်။ 


Mandalay Free Press - MFP

ဝမ်းတွင်းမြို့အထွက်မှာ စစ်ကားတစ်စီး မိုင်းဆွဲတိုက်ခိုက်ခံရ ဝမ်းတွင်းမြို့အထွက်မှာ စစ်ကားတစ်စီး မိုင်းဆွဲတိုက်ခိုက်ခံရ Reviewed by THITHTOOLWIN on 20:19 Rating: 5

No comments:

Powered by Blogger.