ခင်ဦးနှင့် မြောင်မြို့နယ်တွင် အကြမ်းဖက်စစ်ကောင်စီတပ် မီးရှို့ဖျက်ဆီးမှုကြောင့် ယနေ့တစ်ရက်တည်း အိမ်ခြေ ၁၈၀ကျော်ပြာကျ
![]() |
(မြောင်မြို့နယ် ဇရပ်ကုန်းကျေးရွာ မီးလောင်ကျွမ်းပြီးနောက် တွေ့ရစဥ်။) |
စစ်ကိုင်းတိုင်း၊ ခင်ဦးနှင့် မြောင်မြို့နယ်တို့တွင် အကြမ်းဖက်စစ်ကောင်စီတပ် မီးရှို့ဖျက်ဆီးမှုကြောင့် ယနေ့တစ်ရက်တည်း အိမ်ခြေ ၁၈၀ကျော် ပြာကျခဲ့ကြောင်း ဒေသတွင်းသတင်းရင်းမြစ်များက ပြောသည်။
ရေဦးမြို့နယ် ပျဥ်ထောင်ကျေးရွာမှ စစ်ကောင်စီတပ်နှင့် ပျူစောထီးများသည် ယနေ့ (မေလ ၂၉ ရက်) နံနက် ၁၀နာရီအချိန်က ခင်ဦးမြို့နယ် သရက်ကုန်းကျေးရွာအား ကားသုံးစီးဖြင့်လာရောက်ပြီး လက်နက်ကြီး၊ငယ်များဖြင့် ပစ်ခတ် ဝင်ရောက်ခဲ့သည်။
ထို့နောက် မွန်းလွဲ ၁၂နာရီခွဲခန့်ကစပြီး ကျေးရွာအရှေ့ပိုင်းမှ စ၍ မီးတင်ရှို့ခဲ့ရာ နေအိမ်၈၀ကျော်မီးလောင်ကျွမ်းခဲ့ကြောင်း ဒေသခံများက ပြောသည်။
အနီးနားရှိ ကျေးရွာ ငါးရွာထက်မနည်း ထွက်ပြေးတိမ်းရှောင်နေရပြီး ထိခိုက်ဒဏ်ရာရ ပြည်သူများလည်း ရှိနေကြောင်း ဒေသခံများက ပြောသည်။
အလားတူ မြောင်မြို့နယ် ဇရပ်ကုန်းကျေးရွာကိုလည်း စစ်ကောင်စီတပ်က နံနက် ၇နာရီခွဲခန့်တွင် ဝင်ရောက်မီးရှို့ဖျက်ဆီးခဲ့၍နေအိမ် ၁ဝဝခန့် ပြာကျခဲ့ကြောင်း ဒေသခံများက ပြောသည်။
ထိုသို့ အကြမ်းဖက်မီးရှို့ဖျက်ဆီးမှုများကြောင့် မြောင်နယ်နှင့် ခင်ဦးနယ်အသီးသီးရှိ ဒေသတွင်းပြည်သူ့ကာကွယ်ရေးအဖွဲ့များနှင့် တိုက်ပွဲများဖြစ်ပွားနေပြီး စစ်ကောင်စီတပ်ဘက်မှ ထိခိုက်သေဆုံးမှုများကြောင်း ပြည်သူ့ကာကွယ်ရေးအဖွဲ့များက ပြောသည်။
People's Spring

No comments:
Post a Comment