![]() |
Photo : ချောင်းဦးမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ - CHU PDF |
စစ်ကိုင်းတိုင်း၊ ချောင်းဦးမြို့မှ မန္တလေးဘက်သို့ ခြေလျင် မိုင်းရှာထွက်လာသည့် အာဏာသိမ်းစစ်ကောင်စီတပ်ကို ယနေ့မေလ(၂၆) ရက်နေ့၊ နံနက်ပိုင်းက မိုင်းဆွဲတိုက်ခိုက်ရာ အများအပြားသေကြောင်း ချောင်းဦး PDF က သတင်းထုတ်ပြန်သည်။
မိုင်းရှာထွက်လာသည့် အင်အား(၅၀)ဝန်းကျင်ပါ စစ်ကောင်စီတပ်ကို နတ်ရေကန်နှင့် ငါးယှန်ရွာကြားတွင် ချောင်းဦး PDF တပ်ခွဲ (၃)မှရဲဘော်များနှင့် MSPDF မှ ရဲဘော်များပူးပေါင်း၍ မိုင်းဆွဲ တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
မိုင်းဆွဲတိုက်ခံရသဖြင့် စစ်ကောင်စီတပ်သား (၂၉)ဦးသေပြီး (၁၂)ဦး ဒဏ်ရာပြင်းထန်ကြောင်း ထုတ်ပြန်ထားသော်လည်း Tachileik News Agency အနေဖြင့် သီးခြား အတည်မပြုနိုင်သေးပေ။
ယနေ့ မနက်ပိုင်းကလည်း ချောင်းဦး-မြင်းမူ ကားလမ်းပိုင်း၌ စစ်ကောင်စီတပ်သားများ စီးနင်းလာသည့် သံချပ်ကာယာဉ်(၂)စီးပါ စစ်ကြောင်းကို ဒေသကာကွယ်ရေးတပ်များက မိုင်းခွဲတိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်သား အများအပြားသေကြောင်း ထုတ်ပြန်ထားသေးသည်။
Tachileik News Agency

No comments:
Post a Comment