ရေးမြို့နယ်က လက်နက်ကိုင်ကျေးရွာအုပ်ချုပ်ရေးမှူးနဲ့ ထွေအုပ်ဝန်ထမ်း ၁ ဦးကို ရေးဘီလူးအဖွဲ့ရှင်းလင်း၊ သေ နတ်တလက်ရရှိ
မေလ ၁၄ ရက်
မွန်ပြည်နယ်၊ ရေးမြို့နယ်၊ ကဗျာကြီးကျေးရွာ အုပ် ချုပ်ရေးမှူးနဲ့ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနက ဝန်ထမ်း ၁ ဦးကို အဲ့ဒီကျေးရွာအနီးမှာဘဲ မေလ ၁၃ ရက် မနေ့ညနေ ၆ နာရီ ဝန်းကျင်မှာ ပစ်ခတ်ရှင်း လင်းခဲ့တယ်လို့ ရေးဘီလူးအဖွဲ့ထံက သိရပါတယ်။
ကဗျာကြီးကျေးရွာအုပ်ချုပ်ရေးမှူး ဦးထားဝယ်ဟာ ပျူစောထီးအဖွဲ့ခေါင်းဆောင်တဦးဖြစ်ကာ ၄င်းကို စစ်ကောင်စီတပ်က လက်နက်တပ်ဆင်ပေးထားတာပါ။
အဲ့ဒီပျူစောထီးခေါင်းဆောင် နဲ့အတူရှိနေတဲ့ ထွေအုပ်ဝန် ထမ်း ၁ ဦးကိုပါ ပစ်ခတ်ရှင်းလင်းခဲ့တာဖြစ်ပြီး ပျူစောထီးခေါင်းဆောင် ကိုင်ဆောင်တဲ့သေနတ်တလက်သိမ်း ဆည်းရရှိခဲ့တယ်လို့ ရေးဘီလူးအဖွဲ့ကဆိုပါတယ်။
'' ကျနော်တို့ ကဗျာကြီးကျေးရွာက ပျူစောထီးခေါင်း ဆောင်အုပ်ချုပ်ရေးမှူးကို မနေ့ညနေ ၆ နာရီလောက်မှာရှင်းလင်းခဲ့တာဖြစ်ပါတယ်။ ဒေသခံတွေကလည်းကျနော်တို့ကိုတိုင်ကြားတာတွေရှိလို့ သူ့ကိုအနီးကပ်စောင့်ကြည့်ခဲ့တယ်။ သူ့ဆီကနေလည်း စစ်ကောင်စီကချပေးထားတယ်ဆိုနဲ့ သက်သေအ ဖြစ် သေနတ်တလက်ရရှိခဲ့ပါတယ်။ သူနဲ့အတူပါ လာခဲ့ထွေအုပ်ဦးစီးတယောက်ကိုလည်း ရှင်းလင်းခဲ့တာဖြစ်ပါတယ်'' ဟု ရေးဘီလူးအဖွဲ့တာဝန်ခံက ပြောပါတယ်။
ရေးဘီလူးအဖွဲ့က ဒေသတွင်းမှာရှိတဲ့ စစ်ကောင်စီထောက်တိုင်တွေကို ဆက်လက်ရှင်းလင်းတာတွေလုပ် ဆောင်သွားမယ်လို့ဆိုပါတယ်။
Ayeyarwaddy Times

No comments:
Post a Comment