စစ်ကောင်စီရှေ့ပြေးမိုင်းရှင်းလင်းရေးအဖွဲ့ကို ဒီမိုကရက်တစ်ပြောက်ကျားအဖွဲ့က မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်သားအနည်းဆုံး ၅ ဦးသေ


မုံရွာ၊ မေ ၂၇

စစ်ကြောင်းလုံးခြုံမှုရှိစေရန် မိုင်းရှင်းရသည့် စစ်ကောင်စီရှေ့ပြေးမိုင်းရှင်းလင်းရေးအဖွဲ့ မိုင်းကွင်းအတွင်းဝင် ရောက်လာသဖြင့် ဒီမိုကရက်တစ်ပြောက်ကျားတပ်ဖွဲ့ကမိုင်းဆွဲတိုက်ခိုက်ရာ အနည်းဆုံး ၅ ဦးသေဆုံးသွားကြောင်း စစ်ဆင်ရေးဖော်ဆောင်ခဲ့သည့် အထက်ပါအဖွဲ့က ယနေ့သတင်းထုတ်ပြန်သည်။

စစ်ကိုင်းတိုင်း၊ မုံရွာ - အမြင့်လမ်းရှိ ထနောင်းတောမြောက်ရွာဘက်မှ မုံရွာမြို့တွင်းသို့ပြန်ဝင်လာသည့် အကြမ်းဖက်စစ်ကောင်စီစစ်ကြောင်းသည် မေလ ၂၆ ရက်၊ နံနက်ပိုင်းက အင်အား  ၁၂ ဦးပါသည့် ရှေ့ပြေးမိုင်းရှင်းရေးအဖွဲ့ကို စေလွှတ် ၍ လမ်းကြောင်းရှင်းရေးလုပ်ဆောင်ကာ စစ်ကြောင်းချီလျက်ရှိကြောင်း ဒီမိုကရက်တစ်ပြောက်ကျားတပ်ဖွဲ့ထံက သိရသည်။

စစ်ကောင်စီတပ်၏ရှေ့ပြေးမိုင်းရှင်းလင်းရေးအဖွဲ့သည် ရွှေစုံမှန်ကျောင်းတိုက် အနောက်ဘက်လမ်းပိုင်းရှိ မိုင်းကွင်းအတွင်းသို့ ဝင်ရောက်လာချိန် ဒီမိုကရက်တစ်ပြောက်ကျားတပ်ဖွဲ့က မိုင်းဆွဲတိုက်ခိုက် ခဲ့သည်။ ၎င်းတိုက်ခိုက်မှုတွင် စစ်ကောင်စီတပ်သား အနည်းဆုံး ၅ ဦး သေဆုံးကြောင်း အတည်ပြုနိုင်ခဲ့သည်ဟု ဒီမိုကရက်တစ်ပြောက်ကျားတပ်ဖွဲ့က ထုတ်ပြန်ထားသည်။ 

ထို့နောက် အခင်းဖြစ်ရာနေရာသို့ မုံရွာမြို့တွင်းမှ စစ်ကူလာသည့် စစ်ကောင်စီစစ် ကားတစ် စီးကိုလည်း ဒီမိုကရက်တစ်ပြောက်ကျားတပ်ဖွဲ့၏ တပ်စိတ်တစ်ခုက ညောင်ပင်သာသင်္ချိုင်းအနောက်ဘက်တွင် အသင့်စောင့်ကြို၍မိုင်း ဆွဲတိုက်ခိုက်ခဲ့သဖြင့် စစ်ကူလာသည့် စစ်ကားမှာပျက်စီးသွားခဲ့ကြောင်း သိရသည်။

စစ်ကူလာသည့် စစ်ကားအားမိုင်းဆွဲတိုက်  ခိုက်သည့် စစ်ဆင်ရေးတွင် အကြမ်းဖက်စစ် ကောင်စီတပ်သား ထိခိုက်၊ သေဆုံးမှုမည်မျှရှိသည်ကို အတည်မပြုနိုင်ခဲ့ဟုဆိုသည်။ 

အထက်ပါတိုက်ခိုက်မှုများဖြစ်ပွားပြီးနောက် အကြမ်းဖက်စစ်ကောင်စီက ရမ်းသမ်းပစ်ခတ်မှုကြောင့် ဒေသခံပြည်သူတစ်ဦးကျည်ထိမှန်သေဆုံးခဲ့ရသောကြောင့် ပြည် သူများအနေဖြင့် ယခုကာလတွင် နိုးကြားသောစိတ်ဖြင့် သတိပြုရှောင်ကျဉ်သွားလာကြရန် တိုက်တွန်းထားသည်။

အကြမ်းဖက်စစ်ကောင်စီအနေဖြင့် ယခုကာလတွင်အကြမ်းဖက် သတ်ဖြတ်မှုအမြင့်ဆုံးအနေအထားသို့ရောက်ရှိနေပြီဖြစ်ပြီး ကျေးရွာများကိုလည်း အင်အားသုံးဖျက်ဆီးလျက်ရှိကြောင်း ဒီမိုကရက်တစ်ပြောက်ကျားတပ်ဖွဲ (အောက်ချင်းတွင်း)အဖွဲ့က သတင်းထုတ်ပြန်ထားသည်။


Lu Nge Khit

စစ်ကောင်စီရှေ့ပြေးမိုင်းရှင်းလင်းရေးအဖွဲ့ကို ဒီမိုကရက်တစ်ပြောက်ကျားအဖွဲ့က မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်သားအနည်းဆုံး ၅ ဦးသေ စစ်ကောင်စီရှေ့ပြေးမိုင်းရှင်းလင်းရေးအဖွဲ့ကို ဒီမိုကရက်တစ်ပြောက်ကျားအဖွဲ့က မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်သားအနည်းဆုံး ၅ ဦးသေ Reviewed by THITHTOOLWIN on 23:22 Rating: 5

No comments:

Powered by Blogger.