အမေရိကန်ရောက် အလှုရှင်တစ်ဦးမှ သိန်း (၃၅၀) ဝန်းကျင်ရှိသော စနိုက်ပါတစ်လက်အား Black Wolf PDF သို့လှုဒါန်း
မေ ၁၇
အမေရိကန်ရောက် အမည်မဖော်လိုသူ မြန်မာနိုင်ငံသားဦးမှ Black Wolf တပ်ဖွဲ့ လိုအပ်လျက်ရှိသော SIG CROSS ( SNIPER ) SCOPE နှင့် ကျည် (၁၀၀) အပါ တလက်အားလှူဒါန်းခဲ့ကြောင်း Black Wolf PDF ကထုတ်ပြန်သည်။
SIG CROSS ( SNIPER ) တလက်စျေးသည် ယခုအခါတွင် သိန်း ၃၅၀ အထိ ပေါက်စျေးရှိပြီး ကျည်တတောင့်လျှင် ၂၅၀၀၀ စျေးဖြင့် ကျည် ၁၀၀ ဝန်းကျင်ခန့် ၂၅ သိန်းကျပ် ကိုလည်း တော်လှန်ရေးအတွက် လှူဒါန်းခဲ့ကြောင်း သိရသည်။
ထို့ကြောင့် အမေရိကန်ရောက် မြန်မာနိုင်ငံသား အလှုရှုင်အား ကျေးဇူးတင်လျှက်ရှိကြောင်းနှင့် လိုအပ်လျက်ရှိသော SNIPER တလက်ရရှိခြင်းအတွက် လက်ရှိတိုက်ပွဲ ဖြစ်ပွားနေသော နေရာများသို့ သွားရောက်ကာ စစ်ရေးအား အရှိန်တိုးမြှင့်လုပ်ဆောင်သွားမည်ဖြစ်ကြောင်း Black Wolf PDF ကအသိပေးထားသည်။
PDF Newsflash
အမေရိကန်ရောက် အလှုရှင်တစ်ဦးမှ သိန်း (၃၅၀) ဝန်းကျင်ရှိသော စနိုက်ပါတစ်လက်အား Black Wolf PDF သို့လှုဒါန်း
Reviewed by THITHTOOLWIN
on
23:41
Rating:

No comments:
Post a Comment