![]() |
ဓာတ်ပုံ - မကြာသေးခင်က KNU တပ်မဟာ ၅ နယ်မြေမှထွက်ခွာသွားသည့် BGF တပ်ဖွဲ့ဝင်တချို့ကိုတွေ့ရစဉ်။ |
မေလ ၁၇ ရက်နေ့၊ ၂၀၂၂
စစ်အာဏာရှင်ကိုတိုက်နေတဲ့ KNLA တပ်ပေါင်းစုတွေနဲ့စစ်ကောင်စီတပ်တွေကြားဖြစ်ပွားတဲ့တိုက်ပွဲတွေမှာ စစ်ကောင်စီတပ်တွေဖက်က ကူတိုက်ပေးရင်းတိုက်ပွဲမှာကျဆုံးသွားတဲ့ နယ်ခြားစောင့်တပ် ( BGF ) ဖွဲ့ဝင်တွေအတွက်ပေးတဲ့ လျော်ကြေးငွေကို မိသားစုဝင်တွေကလက်မခံတာတွေရှိလာတယ်လို့ဒေသခံအချို့ထံမှသိရပါတယ်
“လင်သေ၊ သားသေတွေကို အသက်ဖိုးပေးတော့ ပေးတဲ့ပိုက်ဆံနဲ့ပြန်ကောက်ပစ်တာတွေ မြိုင်ကြီးငူဖက်မှာ ဖြစ်သွားတယ်။ ပေးတဲ့ပိုက်ဆံထုပ်နဲ့ ပစ်ပေါက်တာလုပ်တယ်” ဟုမြိုင်ကြီးငူဒေသခံတစ်ဦးကပြောပါတယ်။
စစ်ကောင်စီတပ်ဖွဲ့တွေနဲ့KNU/KNLA တပ်ပေါင်းစုတွေကြားထိတွေ့တိုက်ပွဲတွေမှာကျဆုံးသွားတဲ့ BGF တပ်ဖွဲ့ဝင်တွေအတွက် စစ်ကောင်စီဖက်မှလျော်ကြေးငွေမှာ ကျပ် ဆယ်သိန်းကနေ သိန်းနှစ်ဆယ်ထိပေး တာတွေရှိတယ်လို့ သိရပါတယ်။
ကရင်ပြည်နယ်အတွင်း တာဝန်ထမ်းဆောင်နေတဲ့ BGF တပ်ဖွဲ့ဝင်တွေဟာ စစ်အာဏာရှင်ကို အားပေးတဲ့အဖွဲ့အ ဖြစ်ကရင်ပြည်သူလူထုက မြင်လာပြီး KNU တပ်မဟာ ( ၁ ) နယ်မြေမှာရှိတဲ့ဒေသခံတွေနဲ့ BGF တပ်ဖွဲ့ဝင်တွေရဲ့ ဆွေမျိုးတွေက ဆန့်ကျင်ကန့်ကွက်မှုတွေရှိလာနေတယ်လို့ ဒေသခံအဆိုအရသိရပါတယ်။
မေလ ၉ ရက်နေ့က KNU တပ်မဟာ ၁ နှင့် ၅ အတွင်းရှိ BGF တပ်ဖွဲ့ဝင်တချို့ဟာ ရုတ်တရက်တပ်ဆွဲထားတဲ့နေရာကနေ ကား ၆၈ စီးနဲ့ပြန်လည်ထွက်ခွာသွားတယ်လို့လည်း သက်ဆိုင်ရာ KNU တာဝန်ရှိသူကဆိုပါတယ်။
Salween Press

No comments:
Post a Comment