ကလေး - ဂန့်ဂေါလမ်းပိုင်းအား ယနေ့ညနေမှစ၍ တစ်ပတ်အတွင်း ဖြတ်သန်းသွားလာခြင်းမပြုရန် PDF က​လေး အရေးပေါ်ထုတ်ပြန်


စစ်ရေးတင်းမာနေ၍ ကလေး - ဂန့်ဂေါလမ်းပိုင်းအား ယနေ့ညနေမှစ၍ တစ်ပတ်အတွင်း ဖြတ်သန်းသွားလာခြင်းမပြုရန် ကလေးမြို့ပြည်သူ့ကာကွယ်ရေးအဖွဲ့ (PDF Kalay) က အရေးပေါ် သတင်းထုတ်ပြန်သည်။

ကလေး - ဂန့်ဂေါလမ်းပိုင်း၌ အဓိကကျသည့် ကလေးမြို့တောင်ပိုင်းတွင် ပြည်သူ့ကာကွယ်ရေးမဟာမိတ်များနှင့် အကြမ်းဖက်စစ်ကောင်စီ တိုက်ပွဲအပြင်းအထန်ဖြစ်နေ၍ အထက်ပါ သတိပေးချက်ကို ယနေ့ ညနေ ၄နာရီခန့်တွင်ထုတ်ပြန်ခြင်းဖြစ်သည်။

ယနေ့(ဧပြီ ၂၈ရက်) ညနေမှစ၍ ရက်သတ္တပတ်ကြာ ဖြတ်သန်းသွားလာခြင်းမပြုရန် မေတ္တာရပ်ခံကြောင်းနှင့် မလိုက်နာပါက ဖြစ်ပေါ်လာနိုင်သည့် လုံခြုံရေးအန္တရာယ်နှင့်အကျိုးဆက်ကို သတိပြုရန်လည်း တိုက်တွန်းထားသည်။

ဂန့်ဂေါနယ်နှင့် ထိစပ်နေသည့် ကလေးမြို့ တောင်ပိုင်းဒေသမှ ရွာအချို့သည် ပျူစောထီးရွာများ ဖြစ်နေပြီး ယခုအခါ စစ်ကောင်စီက ပျုစောထီးများကို စစ်ကြောင်းနှင့်အတူ လိုက်ပါစေပြီး အရပ်သားနေအိအိမ်များကို မီးရှို့ဖျက်ဆီးနေသည်။ ဒေသတွင်း ပြည်သူ့ကာကွယ် ရေးမဟာမိတ်များက စစ်ကောင်စီနှင့် ပျူစောထီးပူး ပေါင်းအဖွဲ့ကို တိုက်ခိုက်နေသည်။


People's Spring 

ကလေး - ဂန့်ဂေါလမ်းပိုင်းအား ယနေ့ညနေမှစ၍ တစ်ပတ်အတွင်း ဖြတ်သန်းသွားလာခြင်းမပြုရန် PDF က​လေး အရေးပေါ်ထုတ်ပြန် ကလေး - ဂန့်ဂေါလမ်းပိုင်းအား ယနေ့ညနေမှစ၍ တစ်ပတ်အတွင်း ဖြတ်သန်းသွားလာခြင်းမပြုရန် PDF က​လေး အရေးပေါ်ထုတ်ပြန် Reviewed by THITHTOOLWIN on 19:39 Rating: 5

No comments:

Powered by Blogger.