ရန်ကုန်မြို့ မရမ်းကုန်းမြို့နယ် သမိုင်းဘူတာရုံလမ်းရှိ Honey Nest Barကို ဖောက်ခွဲတိုက်ခိုက်ခဲ့ကြောင်း ရန်ကုန်အခြေစိုက် မြို့ပြပြောက်ကျားတပ်ဖွဲ့ Dark Shadow(YGN)က ယနေ့(ဧပြီ ၅)ထုတ်ပြန်သည်။
ယနေ့ည ၇ နာရီ ၅၁ မိနစ်ခန့်တွင် စစ်ကောင်စီတပ်မှ အကြီးပိုင်းများနှင့်ဆက်နွှယ်သော Honey Nest Bar ကို ဖောက်ခွဲတိုက်ခိုက်ခဲ့ပြီး စစ်ကောင်စီတပ်မှ လာရောက်စစ်ဆေးစဥ် ထပ်မံ၍တိုက်ခိုက်ခဲ့ရာ ထိရောက်စွာဖောက်ခွဲနိုင်ခဲ့ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြသည်။
အဆိုပါ ဆိုင်သည် စစ်ကောင်စီတပ်မှ ခေါင်းကြီးပိုင်းများ၏ သားသမီးများပျော်ပါးသည့်နေရာဖြစ်ပြီး စစ်ကောင်စီကို အခွန်ဆောင်နေသည့်အပြင် သက်ြန်ပွဲတော်အတွက် ပြင်ဆင်နေသည်ကို ပြည်သူများ၏ သတင်းပေးမှုကြောင့် သိရှိခဲ့ရသည်ဟု ထုတ်ပြန်သည်။
"တော်လှန်ရေးအရှိန်အင်အားလျော့နည်းအောင်ပြုလုပ်နေသော Honey Nest Bar အား ရပ်ကွက်နေပြည်သူများရဲ့သတင်းပေးမှုကြောင့်မြို့ပြပျောက်ကြား Dark Shadow (YGN)မှဖောက်ခွဲတိုက်ခိုက်ခဲ့ပြီး စစ်ကောင်စီတပ်များလာရောက်စစ်ဆေးချိန်တွင် ထပ်မံဖောက်ခွဲထိရောက်စွာဖောက်ခွဲ တိုက်ခိုက်ခဲ့သည်။
ပြည်သူများအနေဖြစ် ပေါက်ကွဲမှုဖြစ်ပါက ဝေးရာသို့ရှောင်ရှားကြပါရန်နှင့် စပ်စုခြင်းမပြုလုပ်ဘဲ စစ်ကောင်စီအဖွဲ့အစည်း ထောက်တိုင်များနှင့် အဆောက်အဦးများအား ဝေးဝေးမှရှောင်ရှားသွားလာကြရန် မေတ္တာရပ်ခံထားသည်။
ထို့အပြင် ပြည်သူများအနေဖြင့် တော်လှန်ရေးအင်အားပိုမိုကောင်းမွန်စေရန် ပြည်သူ့ကာ ကွယ်ရေးတပ်ဖွဲ့များနှင့် မြို့ပြပြောက်ကျားတပ်ဖွဲ့များအား ပာဝင်လှူဒါန်ပေးကြရန်လည်း Dark Shadow(YGN)က အသိပေးထား သည်။
People's Spring

No comments:
Post a Comment