အရာတော်နယ် ပါရမီနှင့် ဆည်ကြီးရွာကြား စစ်အုပ်စု မိုင်းဆွဲခံရပြီး စကစ နှစ်ဦးသေ၊စစ်အုပ်စုက ပါရမီရွာထဲ ဝင်မွှေ ရမ်းကားပစ်ခတ်ပြီး ဒေသခံ သုံးဦးကို ဖမ်းခေါ်သွား


ဧပြီ - ၂၈

စစ်ကိုင်းတိုင်း အရာတော်မြို့နယ် ပါရမီရွာနဲ့ ဆည်ကြီးရွာကြားမှာ ဒီကနေ့ မနက်ပိုင်းက အင်အား (၃၀) ကျော်ရှိတဲ့ စစ်ကောင်စီ ခြေလျှင်စစ်ကြောင်း မိုင်းဆွဲတိုက်ခိုက်ခံရကာ နှစ်ဦး သေပြီးနောက် စစ်အုပ်စုက ပါရမီရွာထဲ စီးနင်းဝင်ရောက် ရမ်းကားပစ်ခတ်ကာ ဒေသခံ အရပ်သားပြည်သူ သုံးဦးကို ဖမ်းဆီးခေါ်ဆောင်သွားတယ်လို့ နီးစပ်သူတွေက MFP ကို ပြောပါတယ်။

ဒီကနေ့ ဧပြီ(၂၈)ရက် မနက်ပိုင်းက အရာတော်နယ်ထဲ ရွာစဉ်ပတ်မွှေ သောင်းကျန်းနေတဲ့ စစ်အုပ်စုဟာ ပါရမီရွာထဲ မဝင်မီ လူသားဒိုင်းအဖြစ် အသုံးချဖို့ ဒေသခံ အမျိုးသားတစ်ဦးကို ဖမ်းဆီးချိန်မှာ ကာကွယ်ရေးတပ်ဖွဲ့တွေက မိုင်းဆွဲတိုက်ခိုက်ခဲ့တာဖြစ်ပြီး စစ်အုပ်စု နှစ်ဦး သေတယ်လို့ ဆိုပါတယ်။ 

"မိုင်းဆွဲခံရတဲ့ ခွေးတွက ရွာထဲဝင်ပြီး တွေ့တဲ့သူ အကုန်ပစ်တာ။ တစ်ရွာလုံး ထွက်ပြေးကြရင်း လူကြီးတစ်ယောက်တော့ ခြေသလုံး ထိတယ်။ အခုထိ ရွာထဲမှာ ကင်းပုန်းတွေ ချထားတယ်ကြားလို့ ဘယ်သူမှ မကပ်ရဲဘူး ဖြစ်နေတယ်" လို့ ဒေသခံတစ်ဦးက ပြောပါတယ်။

မိုင်းဆွဲခံရတဲ့ စစ်အုပ်စုဟာ ပါရမီရွာထဲ စီးနင်းဝင်ရောက် သောင်းကျန်းပြီး ဒေသခံ အမျိုးသား သုံးဦးကို ဖမ်းဆီးခေါ်ဆောင်သွားကြောင်းနှင့် ဖမ်းဆီးခံရတဲ့ အရပ်သားပြည်သေူတွနှင့် ပတ်သက်ပြီး နောက်ဆက်တွဲ အခြေအနေတွေ မသိရသေးဘူးလို့ ဆိုပါတယ်။

ဒါ့အပြင် ပါရမီရွာထဲ ဝင်မွှေတဲ့ စစ်အုပ်စုနှင့် ဒေသခံ ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့တွေ  မိနစ်ပိုင်းလောက် ပစ်ခတ်မှု ဖြစ်ခဲ့တယ်လို့လည်း ဒေသခံတွေက ဆိုပါတယ်။ 

စစ်အုပ်စုဟာ အရာတော်မြို့နယ် မြောက်ပိုင်းက ရွာတွေဘက် ရွာစဉ်ပတ်မွှေ သောင်းကျန်းနေတာ ဖြစ်ပြီး ဒေသခံ ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့တွေကလည်း ရရာလက်နက်နဲ့ ခုခံတော်လှန်လျှက် ရှိကာ ပြီးခဲ့တဲ့ ရက်ပိုင်းကလည်း အရာတော်မြောက်လက်က ကျွန်းချောင်းရွာအနီးမှာ စစ်အုပ်စုနှင့် ဒေသခံ ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့တွေ ထိတွေ့တိုက်ပွဲ ဖြစ်ပွားခဲ့သေးတယ်လို့ ဆိုပါတယ်။


Mandalay Free Press - MFP

အရာတော်နယ် ပါရမီနှင့် ဆည်ကြီးရွာကြား စစ်အုပ်စု မိုင်းဆွဲခံရပြီး စကစ နှစ်ဦးသေ၊စစ်အုပ်စုက ပါရမီရွာထဲ ဝင်မွှေ ရမ်းကားပစ်ခတ်ပြီး ဒေသခံ သုံးဦးကို ဖမ်းခေါ်သွား အရာတော်နယ် ပါရမီနှင့် ဆည်ကြီးရွာကြား စစ်အုပ်စု မိုင်းဆွဲခံရပြီး စကစ နှစ်ဦးသေ၊စစ်အုပ်စုက ပါရမီရွာထဲ ဝင်မွှေ ရမ်းကားပစ်ခတ်ပြီး ဒေသခံ သုံးဦးကို ဖမ်းခေါ်သွား Reviewed by THITHTOOLWIN on 19:36 Rating: 5

No comments:

Powered by Blogger.