သုံးခွမြို့ ဝက်စုပတုပ်ကျေးရွာရှိ စစ်တပ်သတင်းပေး ဒလန်ကျော်မင်း ယနေ့ပစ်သတ်ခံရ

ဓာတ်ပုံ - ပစ်သတ်ခံရသော ဒလန်ကျော်မင်း။

(ဧပြီ ၂၉)

သုံးခွမြို့နယ် ဝက်စုပတုပ်ကျေးရွာရှိ အကြမ်းဖက်စစ်တပ်သတင်းပေး ဒလန်ကျော်မင်းအား ယနေ့ ဧပြီလ ၂၉ ရက်နေ့ မနက် ၁၁ နာရီခန့်က အမည်မသိအဖွဲ့တစ်ခုက သေနတ် ၁၅ ချက်ပစ်ခတ်ခဲ့ကြောင်း သိရပါသည်။ ပစ်ခတ်ခံရသော ဒလန်ကျော်မင်းမှာ နေရာမှာတင်ပွဲချင်းပြီး သေဆုံးသွားခဲ့ကြောင်း သိရပါသည်။

`ဒီနေ့ ဝက်စုက ဒလန်ကျော်မင်း အပစ်ခံရတယ်၊ မနက် ၁၁ နာရီလောက်က ၁၅ ချက်ပစ်ခံရတာ၊ ပွဲချင်းပြီးသေသွားတယ်၊ ခုသုံးခွဆေးရုံ ရင်ခွဲရုံမှာရောက်နေတယ်´ ဟု သုံးခွမြို့ပြည်သူတစ်ဦး ကပြောသည်။

ပစ်သတ်ခံရသော ဒလန်ကျော်မင်းသည် စစ်ထွက် စစ်သားတစ်ဦးဖြစ်ပြီး ဧပြီလ ၂၅ ရက်နေ့က ကျောင်းစုပတုပ်နားတွင် မတော်တဆဖြစ်ကာ ကျဆုံးသွားခဲ့သည့် ရဲဘော်များ၏ မှတ်ပုံတင်များအား ကောက်ယူပြီး စစ်တပ်အား သတင်းပေးပို့ခဲ့သူတစ်ဦးဖြစ်ကြောင်း ဒေသခံပြည်သူများထံမှ သိရပါသည်။


Khayan Channel

သုံးခွမြို့ ဝက်စုပတုပ်ကျေးရွာရှိ စစ်တပ်သတင်းပေး ဒလန်ကျော်မင်း ယနေ့ပစ်သတ်ခံရ သုံးခွမြို့ ဝက်စုပတုပ်ကျေးရွာရှိ စစ်တပ်သတင်းပေး ဒလန်ကျော်မင်း ယနေ့ပစ်သတ်ခံရ Reviewed by THITHTOOLWIN on 23:01 Rating: 5

No comments:

Powered by Blogger.