လောင်းလုံမြို့နယ် ပန်းဒလဲကျေးရွာက ပျူစောထီးအဖွဲ့ဝင် ဒေါ်သန်းသန်းတင့် သေနတ်ဖြင့် ၄ ချက် ပစ်ခတ်ခံရလို့ ပွဲချင်းပြီးသေဆုံး
ဧပြီလ ၂၈ ရက်
တနင်္သာရီတိုင်း၊ ထားဝယ်ခရိုင်၊ လောင်းလုံမြို့နယ်၊ပန်းဒလဲရွာကျေးရွာတွင်နေထိုင်သူ ပျူစောထီးအဖွဲ့ဝင် ဒေါ်သန်းသန်းတင့် ကို ဧပြီလ (၂၈)ရက်နေ့ ဒီကနေ့ နံနက် ၇ နာရီ ၁၀ မီနစ်ဝန်းကျင်တွင် Dawei Defense Team (DDT တပ်ခွဲ ၃) မှ ကျည် ၄ချက် ဖြင့်ပတ်ခတ်ရှင်းလင်းခဲ့ကြောင်း Dawei Defense Team (DDT တပ်ခွဲ ၃) ထံကသိရသည်။
"ပျူစောထီးအဖွဲ့ဝင် ဒေါ်သန်းသန်းတင့် ဟာ ကျေးရွာစျေးများ၌ စစ်ကြေးကောက်ခံခြင်း များပြုလုပ်တယ်။ စစ်ကောင်စီကိုကျောထောက်နောက်ခံ ကူညီပေးနေသောသူတစ်ဦးဖြစ်တယ်" ဟု Dawei Defense Team (DDT တပ်ခွဲ ၃) တပ်ဖွဲ့ဝင်တဦးကဆိုသည်။
အဆိုပါ ပျူစောထီး ဒေါ်သန်းသန်းတင့်သည် ၎င်းကိုယ်တိုင် သေနတ်ကိုင်ဆောင်၍ ကျေးရွာအတွင်း၌ မိုက်ရိုင်းဆိုးသွမ်းရမ်းကားနေသောကြောင့် Dawei Defense Team ရဲဘော်များမှ သုတ်သင်ရှင်းလင်းရခြင်းဖြစ်သည်ဟုဆိုသည်။
၎င်းဖြစ်စဥ်နှင့်ပတ်သက်ပြီး Dawei Defense Team မှ ရဲဘော်တို့မှလုပ်ဆောင်ခဲ့ခြင်းဖြစ်၍ ကျေးရွာနေ ပြည်သူများနှင့်လုံးဝ(လုံးဝ) သက်ဆိုင်မှုမရှိကြောင်းDawei Defense Teamထုတ်ပြန်ကြေညာထားသည်။
Ayeyarwaddy Times

No comments:
Post a Comment