မြ၀တီ မြို့အ၀င်တွင် တိုက်ပွဲဖြစ်၍ ဒေသခံထိခိုက်ဒဏ်ရာရရှိမှုရှိနေ


ဧပြီ ၂၉ ရက်၊ ၂၀၂၂ ခုနှစ်။

မြ၀တီ မြို့အ၀င်အောင်မြေ ရွှေဘုံရပ်ကွက် မချောလေးတောင်ကုန်းနေရာတွင် စစ်ကောင်စီ နှင့် BGF တပ်တို့ ပူးပေါင်း တပ်စွဲထားသော စစ်ကတုတ်များဘက်တွင် တိုက်ပွဲပြင်းထန်နေပြီး ရပ်ကွက်အတွင်းဒေသခံများ ထိခိုက်ဒဏ်ရာ ရရှိသူများ ရှိနေကြောင်း သိရသည်။ 

ယနေ့ဧပြီလ ၂၉ရက် နံနက် ၁၁နာရီ ၃၀ မိနစ်ခန့် အချိန်တွင် မြ၀တီမြို့ ပြင် အနီးရှိ အောင်မြေရွှေဘုံ ရပ်ကွက် အနောက်မြောက်ဘက် မချောလေး ဘုရားကုန်းတောင် နေရာအနီးတပ်စွဲထားသော စစ်ကောင်စီတပ်၊ နယ်ခြားစောင့်တပ် -BGF တပ်ဖွဲ့ များ နေရာယူထားသည့် စစ်ကတုတ် စခန်းများအနီးတွင် KNLA ပူးပေါင်းတပ်ဖွဲ့ များနှင့် တိုက်ပွဲ အပြင်းအထန် ဖြစ်ပွားပြီး ရပ်ကွက်အတွင်း လက်နက်ကြီးကျည် နှင့်သေနတ်ကျည်များ ကျရောက်ထိမှန်သဖြင့် ဒေသခံ ၃ ဦးထက်မနည်း ထိမှန်ဒဏ်ရာရထားကြောင်း ရပ်ကွက်နေပြည်သူများက ပြောသည်။ 

"၁၁နာရီ ကျော်က စပစ်နေတာ ၊ ၁၂နာရီကျော်မှာ ခဏ ငြိမ်သွားတယ်၊ အခု တောက်လျှောက် တိုက်ပွဲ ပြင်းထန်နေတယ်၊ မချောလေး ဘုရားကုန်း ၊ ငွေဟင်္သာ ဘုရားကုန်းဘက်နဲ့ ရပ်ကွက်တွေထဲကျည်တွေကျတာ၊ လက်နက်ကြီးတွေ ကျတာ ရှိနေတယ်။ ကျည်ထိတာ ၃ ယောက်လောက် ထိထားတယ်၊ မြို့ထဲနဲ့ အရမ်းနီးလာနေတယ်၊ လူတွေအကုန်ထွက်ပြေးနေရတယ်၊ မနေရဲကြတော့ဘူး ၊ စစ်ကားတွေ၊ BGF ကားတွေ အဲ့ဒီအောင်မြေရွှေဘုံ ရက်ကွက်ဘက်ကို ၀င်လာနေတယ်"ဟု အောင်မြေ ရွှေဘုံရပ်ကွက် နေထိုင်သူတစ်ဦးက ပြောသည်။ 

မြ၀တီ မြို့တွင် ပြီးခဲ့သည့် ဧပြီလ  ၂၃ ရက်ညက ထိုင်း-မြန်မာ နယ်စပ် အမှတ် ၁ ချစ်ကြည်ရေးတံနား မြန်မာဘက်အခြမ်း အ၀င်ရုံးနေရာတွင် မိုင်းဗုံးပေါက်ကွဲမှု ဖြစ်ပွားခဲ့သေးသည်။  

ထို့အပြင် ယခုရက်ပိုင်းများအတွင်း မြ၀တီ မြို့အနီး၀န်းကျင်နှင့် သင်္ဃန်းညီနောင် ကျေးရွာဘက်တွင် စစ်ကောင်စီတပ်၊ BGF တပ်များဘက်မှ ကျေးရွာများဘက်သို့ လက်နက်ကြီးလက်နက်ငယ် ပစ်ခတ်မှုများ ရှိနေကြောင်း ဒေသခံများ ပြောစကားအရ သိရပါသည်။


Karen Information Center -KIC 

မြ၀တီ မြို့အ၀င်တွင် တိုက်ပွဲဖြစ်၍ ဒေသခံထိခိုက်ဒဏ်ရာရရှိမှုရှိနေ မြ၀တီ မြို့အ၀င်တွင် တိုက်ပွဲဖြစ်၍ ဒေသခံထိခိုက်ဒဏ်ရာရရှိမှုရှိနေ Reviewed by THITHTOOLWIN on 22:49 Rating: 5

No comments:

Powered by Blogger.