ရေစကြိုမှာ အင်အားဖြည့်ဖို့လာတဲ့စစ်ကား မိုင်းဆွဲခံရလို့ စစ်သား ၁ ဦးသေဆုံး


ရေစကြို၊ ဧပြီ ၂၈၊ ၂၀၂၂။

မကွေးတိုင်း၊ ရေစကြိုမြို့နယ်၊ ရှင်မတောင်ပေါ်ကို  အင်အားဖြည့်ဖို့လာတဲ့ စစ်ကောင်စီကား ၁ စီး  ဧပြီ ၂၇ ရက် မနေ့ကမနက်ပိုင်းမှာ မိုင်းဆွဲတိုက်ခိုက်ခံရတယ်လို့ သိရပါတယ်။ 

မနက် ၁၁ နာရီလောက်မှာတိုက်ခိုက်ခဲ့တာဖြစ်ပြီး၊ အဲ့ဒီကားပေါ်မှာ ပါလာတဲ့ စစ်သား ၁ ဦးသေဆုံးခဲ့တယ်လို့ ရေစကြို PDF မှ ရဲဘော်ဝေကြီးက ပြောပါတယ်။

“ဒီမနက် ၁၁ နာရီ ဝန်းကျင်ခန့်က အင်အားဖြည့်ရန် ရှင်မတောင်ပေါ်ကို စစ်ကား ၁ စီး တက်လာတာပါ၊ ကျနော်တို့ မိုင်း ၂ လုံးဆွဲခဲ့ပါတယ်၊ ကား မိုင်းထိပြီး စစ်သား ၁ ယောက်သေ၊ ကားကပျက်ဆီးသွားတယ်၊ သူတို့ဘက်က ဒဏ်ရာရရှိသူလည်း များတယ်ဗျ၊ သူတို့ကားမိုင်းထိပြီး သူတို့ဘက်က ရမ်းသမ်းပစ်ခတ်မှုတွေလုပ်ကြတယ်၊ “ လို့ သူကပြောပါတယ်။ 

ပြီးခဲ့တဲ့ ဧပြီ ၁၉ ရက်နေ့လည် ၂ နာရီလောက်မှာလည်း ရေစကြိုမြို့နယ်၊ ဇီးကုန်းရွာအနီးမှာ မိုင်း ၂ လုံးဆွဲတိုက်ခိုက်ခဲ့တာကြောင့် စစ်ကောင်စီတပ်သား ၄ ဦးသေဆုံးခဲ့တယ်လို့ ရေစကြို PDF က သတင်းထုတ်ပြန်ထားပါတယ်။ 


မြေလတ်အသံ - Myaelatt Athan 

ရေစကြိုမှာ အင်အားဖြည့်ဖို့လာတဲ့စစ်ကား မိုင်းဆွဲခံရလို့ စစ်သား ၁ ဦးသေဆုံး ရေစကြိုမှာ အင်အားဖြည့်ဖို့လာတဲ့စစ်ကား မိုင်းဆွဲခံရလို့ စစ်သား ၁ ဦးသေဆုံး Reviewed by THITHTOOLWIN on 19:53 Rating: 5

No comments:

Powered by Blogger.