လှိုင်သာယာမြို့ ပီမိုးနင်းလမ်းမကြီးပေါ်တွင် ကင်းပတ်ရန်စုရုံးနေချိန် ဗုံးဖောက်ခွဲတိုက်ခိုက်ခဲ့တယ်လို့ YUF ထုတ်ပြန်


(မတ်လ ၂၀ ရက်)

ရန်ကုန်တိုင်း၊ လှိုင်သာယာမြို့နယ် အမှတ်(၆)ရပ်ကွက် ပီမိုးနင်းလမ်းမပေါ်တွင် ယမန်နေ့ (မတ်လ ၁၉ ရက်) ည (၁၀:၃၀)ဝန်းကျင်အချိန်ခန့်က ဗုံးပေါက်ကွဲမှုဖြစ်ပွားခဲ့ကြောင်းသိရသည်။

အဆိုပါပေါက်ကွဲမှုသည် Yangon Underground Force နှင့် Black Eagle Ranger တို့ပူးပေါင်းလုပ်ဆောင်ခဲ့ခြင်းဖြစ်ပြီး ကင်းပတ်ရန်စုရုံးနေသော ဒလန်အုပ်စုကို ဖောက်ခွဲတိုက်ခိုက်ခဲ့တာဖြစ်ပြီး ထိခိုက်မှုရှိတယ်လို့ YUF က သတင်းထုတ်ပြန်ထားပါတယ်။

ပေါက်ကွဲမှုဖြစ်ပွားပြီးနောက် အနီးတစ်ဝိုက်ရှိ ပြည်သူများ ခြိမ်းခြောက် စစ်ဆေးမေးမြန်းမှုတွေလုပ်ဆောင်နေပြီး ဖောက်ခွဲတိုက်ခိုက်မှုပြုလုပ်ခဲ့သော ဒေသကာကွယ်တပ်ဖွဲ့က တိုက်ခိုက်မှုအပြီး အောင်မြင်စွာ ဆုတ်ခွာလာနိုင်ခဲ့တယ်လို့ ဖော်ပြချက်တွင်ပါရှိပါသည်။


HTY Information

လှိုင်သာယာမြို့ ပီမိုးနင်းလမ်းမကြီးပေါ်တွင် ကင်းပတ်ရန်စုရုံးနေချိန် ဗုံးဖောက်ခွဲတိုက်ခိုက်ခဲ့တယ်လို့ YUF ထုတ်ပြန် လှိုင်သာယာမြို့ ပီမိုးနင်းလမ်းမကြီးပေါ်တွင် ကင်းပတ်ရန်စုရုံးနေချိန် ဗုံးဖောက်ခွဲတိုက်ခိုက်ခဲ့တယ်လို့ YUF ထုတ်ပြန် Reviewed by THITHTOOLWIN on 22:52 Rating: 5

No comments:

Powered by Blogger.