ရေးအ​ခြေစိုက်အ​မြောက်တပ်မှကားကိုတိုက်ခိုက်ရာ ဗျူဟာမှူးအပါအဝင် ၄ဦး​သေဟုYGF ထုတ်ပြန်


ရေးမြို့အခြေစိုက် ၃၁၆ အမြှောက်တပ်မှ စစ်ကားတစ်စီးကို မေ ၇ ရက်တွင် မိုင်းဆွဲတိုက်ခိုက်ခဲ့ရာဗျူဟာမှူးအပါအဝင် စစ်​ကောင်စီတပ် ၄ ဦး​သေဆုံးကြောင်း ရေးမြို့နယ်ပြည်သူကာကွယ်ရေးတပ်ဖွဲ့ဖြစ်​သော- Ye Guerrilla Force က သတင်းထုတ်ပြန်ထားသည်။

အဆိုပါစစ်ကားFawသည် ကျောင်းပို့ပြီးပြန်ခဲ့ခြင်းဖြစ်ပြီး ကလော့လေးနှင့်ဝယ်ရက်ရွာကြား တနင်္သာရီလမ်းမပေါ်တွင် YGFကတိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။ 

ထိုတိုက်ခိုက်မူတွင် ၃၁၆ အမြှောက်တပ်မှ ဗျူဟာမှူးအပါအဝင် စစ်ကောင်စီတပ်သား ၄ ဦးသေဆုံးခဲ့သည်ဟု YGFကထုတ်ပြန်ထားသည်။ ​ထိုတိုက်ခိုက်မူအပြီးအပြန်လမ်းတွင် စစ်ကောင်စီတပ်နှင့် ထိပ်တိုက်တွေ့ပြီး တိုက်ပွဲထပ်မံဖြစ်ပွားခဲ့ရာ စစ်ကောင်စီဘက်မှ တစ်ဦးထပ်မံ​သေဆုံးခဲ့သည်ဟုလည်းပါရှိသည်။ ​သေဆုံးမှုအ​ရေအတွက်များနှင့်ပတ်သပ်၍ People's Spring ကသီးခြားအတည်မပြုနိုင်ပါ။

ထိုတိုက်ပွဲများတွင် YGFဘက်မှ အထိအခိုက်မရှိခဲ့ဟုဆိုသည်။စစ်​ကောင်စီတပ်မှ Faw ကားအားတိုက်ခိုက်ခဲ့​သော ရုပ်သံဖိုင်ကို YGF ကမတ်၁၀ တွင်ထုတ်ပြန်သည်။



People's Spring 

ရေးအ​ခြေစိုက်အ​မြောက်တပ်မှကားကိုတိုက်ခိုက်ရာ ဗျူဟာမှူးအပါအဝင် ၄ဦး​သေဟုYGF ထုတ်ပြန် ရေးအ​ခြေစိုက်အ​မြောက်တပ်မှကားကိုတိုက်ခိုက်ရာ ဗျူဟာမှူးအပါအဝင် ၄ဦး​သေဟုYGF ထုတ်ပြန် Reviewed by THITHTOOLWIN on 01:12 Rating: 5

No comments:

Powered by Blogger.