အာဏာရှင်ဟောင်းနေဝင်းမြေးပိုင်ဆိုင်သည့် YBSယာဉ် ဗုံးခွဲခံရ

ဓာတ်ပုံ- ရန်ကုန်အနောက်ပိုင်းခရိုင် ကုန်တင်ယာဉ်ရပ်နားကွင်းတွင် ရပ်နားထားသည့် Omni Focus ပိုင် YBS ၂၀ ယာဉ်အချို့

ရန်ကုန်၊ မတ် ၁၁

အာဏာရှင်ဟောင်းဦးနေဝင်း၏မြေး ကျော်နေဝင်းပိုင်ဆိုင်သည့် Omni Focusကုမ္ပဏီလက်အောက်ရှိ YBSကားတစ်မှာ ယနေ့ ညနေပိုင်းတွင် ဗုံးခွဲခံရကြောင်း ဒေသခံများထံမှသိရသည်။

ဖြစ်စဉ်မှာ ယနေ့ ညနေပိုင်းတွင် လှိုင်သာယာမြို့နယ်၊ ရန်ကုန် - ပုသိမ်လမ်းပေါ် ၊ ရဲတပ်ရင်း (၉)အနီးရှိYBS ယာဉ်ရပ်နားစခန်းဂိတ်ဝတွင် ခရီးသည်မပါဘဲရပ်ထားသည့် Omni Foucs YBS နံပတ် ၂၀ ယာဉ်တစ်စီးတွင် ပေါက်ကွဲမှု ဖြစ်ခဲ့ခြင်းဖြစ်သည်။

"လူအထိအခိုက်တော့ မရှိဘူးကြားတယ်။ ပေါက်ကွဲသံတော့ခပ်ဝေးဝေးကနေ ကြားရတယ်"ဟု လှိုင်သာယာမြို့နယ်၊ သမကုန်းအနီးနေထိုင်သူတစ်ဦးကပြောသည်။

 လက်ရှိတွင် စစ်ကောင်စီတပ်များ ရောက်ရှိကာ စစ်ဆေးမှုများ ပြုလုပ်နေပြီး ကားအချို့အား တားဆီး စစ်ဆေးနေကြောင်းသိရသည်။

အဆိုပါ Omni Focusပိုင် YBS ကားမှာ ယခင်ကလည်း မီးရှို့ ဖျက်ဆီးခံရခြင်း၊ ဗုံးခွဲ တိုက်ခံရခြင်းနှစ်ကြိမ်ရှိခဲ့ကာ ယခုထပ်မံတိုက်ခိုက်ခံရခြင်းဖြစ်သည်။

ဦးနေဝင်း၏မြေးများမှာ လက်ရှိ အကြမ်းဖက် အာဏာသိမ်းကောင်စီကို အားပေး ထောက်ခံနေသူများဖြစ်ပြီး ပြည်သူ့ကာကွယ်ရေးတပ်များအား အကြမ်းဖက်အဖွဲ့ဟု ထုတ်ဖော်စွပ်စွဲလေ့ရှိသည်။

စစ်ကောင်စီအား ထောက်ခံအားပေးနေသည့်အတွက် Omni Focusလက်အောက်ရှိ YBSကားများအား စီးနင်းမှု မပြုလုပ်ရန် တော်လှန်ရေး အင်အားစုများကတိုက်တွန်းထားသည်။


Lu Nge Khit

အာဏာရှင်ဟောင်းနေဝင်းမြေးပိုင်ဆိုင်သည့် YBSယာဉ် ဗုံးခွဲခံရ အာဏာရှင်ဟောင်းနေဝင်းမြေးပိုင်ဆိုင်သည့် YBSယာဉ် ဗုံးခွဲခံရ Reviewed by THITHTOOLWIN on 19:20 Rating: 5

No comments:

Powered by Blogger.