မြင်းခြံ၊ မတ် ၃၊ ၂၀၂၂။
မန္တလေးတိုင်း၊ မြင်းခြံမြို့နယ်၊ ဆီမီးခုံရေနက်ဆိပ်ကမ်းမှာ တပ်စွဲထားတဲ့ စစ်ကောင်စီတပ်တွေကို မတ်လ ၂ ရက်မနေ့က မနက်အစောပိုင်းမှာ စတင်တိုက်ခိုက်ခဲ့တယ်လို့ Burmese Guerrilla Force – BGF ဆီက သိရပါတယ်။
စစ်ကောင်စီအင်အား ၁၀၀ ကျော်နဲ့ စစ်သင်္ဘော ၂ စင်းကို RPG အပါအဝင် အခြားလက်နက်ကြီးတွေနဲ့ပါ တိုက်ခိုက်ခဲ့တာဖြစ်ပြီး၊ တိုက်ခိုက်မှုကြောင့် စစ်ကောင်စီတပ်သား ၁၈ ဦးသေဆုံးခဲ့တယ်လို့ BGF တာဝန်ခံက ပြောပါတယ်။
“ ကျနော်တို့က RPGနဲ့ထုတယ်၊ နောက်ပြီး မောင်းပြန်၊ စနှိုက်ပါ၊ G-3 တွေနဲ့ဆက်ပြီးပစ်တယ်၊ ဒီကောင်တွေဘက်ကလည်း တန်ပြန်ပစ်ကြတယ်၊ စက်အကြီးနဲ့ ကျနော်တို့ကိုပြန် ပစ်တယ်၊ လက်နက်ကြီးတွေနဲ့လည်းပစ်ကြတယ် ၊ကျနော်တို့အဖွဲ့တွေမသေတာပဲကံကောင်းတယ်၊ သူတို့ဘက်က သင်္ဘော ၁ စီး၊ ရေယာဉ် ၁ စီးပျက်ဆီးပါတယ်၊ စစ်ကောင်စီဘက်က ၁၈ ယောက်သေပါတယ်၊ “ လို့ ပြောပါတယ်။
မနက် ၄ နာရီခွဲကတည်းက BGF နဲ့ ပူးပေါင်းအဖွဲ့ ၁၄ ဖွဲ့က စတင်တိုက်ခိုက်ခဲ့တာဖြစ်ပြီး၊ စစ်ကောင်စီဘက်က ပြန်လည်ပစ်ခတ်တာတွေရှိတာကြောင့် အပြန်အလှန်ပစ်ခတ်ချိန် ၁ နာရီလောက်ကြာခဲ့တယ်လို့လည်း သိရပါတယ်။
ဒါ့အပြင် စစ်ကောင်စီကို တိုက်ခိုက်တဲ့နေရာမှာ လက်နက်လိုအပ်ချက်တွေရှိတာကြောင့် ပြည်သူတွေအနေနဲ့လည်း တတ်နိုင်တဲ့ဘက်က ကူညီလှူဒါန်းပေးစေချင်တယ်လို့ BGF တာဝန်ခံက ဆက်ပြောပါတယ်။
“ ကျနော်တို့တိုက်ပွဲတွေတော့တိုက်နေပါတယ် ၊ကျနော်တို့ဘက်မှာက သူတို့ထက်လက်နက်အင်အားလည်း မသာလွန်ဘူး ၊သူတို့ဘက်ကလက်နက်ကြီးတွေအများကြီးသုံးနိုင်တယ်၊ လက်နက်တွေဝယ်နိုင်ဖို့ပြည်သူတွေအနေနဲ့ပံ့ပိုးပေးကြပါ၊ ကျနော်တို့ PDFတွေအတွက်လက်နက်ကအဓိကလိုအပ်နေတာပါ၊ လူအင်အားကတော့ရှိပါတယ်၊ “ လို့ ပြောပါတယ်။
BGF ရဲ့ချက်ပြန်ချက်အရ ပြီးခဲ့တဲ့ မတ်လ ၁ ရက်ကလည်း စစ်ကိုင်းတိုင်းအတွင်းနယ်မြေရှင်းလင်းရေးလာတဲ့ စစ်ကောင်စီတပ်တွေကို စနှိုက်ပါနဲ့ပစ်ခတ်တိုက်ခိုက်ခဲ့လို့ စစ်ကောင်စီဘက်က ဗိုလ်အဆင့်ရှိသူတဦး သေဆုံးခဲ့တယ်လို့လည်း ဆိုပါတယ်။
မြေလတ်အသံ - Myaelatt Athan
No comments:
Post a Comment