ပုလဲတိုက်ပွဲမှာ စစ်ကောင်စီဘက်က ၅ ဦးသေဆုံးပြီး PDF ရဲဘော် ၃ ဦးကျဆုံး


ပုလဲ၊ မတ် ၁၃၊ ၂၀၂၂။

စစ်ကိုင်းတိုင်း၊ ပုလဲမြို့နယ်၊ တုံးကန်ရွာမှာတပ်စွဲထားတဲ့ စစ်ကောင်စီတပ်တွေနဲ့ ဒေသခံကာကွယ်ရေးတပ်တို့ မတ်လ ၁၂ ရက် မနေ့က တိုက်ပွဲဖြစ်ပွားခဲ့ပါတယ်။ 

ညနေ ၃ နာရီလောက်မှာ စတင်တိုက်ခိုက်ခဲ့တာဖြစ်ပြီး၊ တိုက်ပွဲအတွင်း စစ်ကောင်စီဘက်က ၅ ဦးသေဆုံးခဲ့သလို PDF ရဲဘော် ၃ ဦးလည်း ကျဆုံးခဲ့တယ်လို့ Pale People's Defence Force Headquarters တာဝန်ခံက ပြောပါတယ်။ 

"ကျနော်တို့ PDFအဖွဲ့တွေ အပေါ် ဒရုန်းဝဲတာမှာ ကိုယ်ဘက်က ဒရုန်းမှတ်ပြီး ပစ်ခတ်ခံလိုက်ရပါတယ်။ တိုက်ပွဲမှာ စစ်ကောင်စီဘက်က ၅ ဦးထက်မနည်းသေဆုံးတယ်။  PDF ရဲဘော် ၃ ဦးကျဆုံးပြီး ရဲဘော် ၂ ဦးထိခိုက်ဒဏ်ရာရရှိခဲ့တယ်။" လို့ သူကပြောပါတယ်။ 

တိုက်ပွဲဖြစ်ပြီး ညပိုင်းမှာလည်း စစ်ကောင်စီတပ်တွေက တုံးကန်ရွာက နေအိမ်တွေကို မီးရှို့ဖျက်ဆီးခဲ့ပြီး၊ အိမ်ခြေ ၃၀၀ ရှိတဲ့အနက် ၂၀၀ ကျော်က မီးလောင်ဆုံးရှုံးခဲ့ကာ ရွာသားတွေလည်းလက်ရှိအချိန်ထိ ထွက်ပြေးတိမ်းရှောင်နေကြတယ်လို့ သိရပါတယ်။ 

Pale People's Defence Force Headquarters အနေနဲ့ ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၁၄ ရက်ကလည်း ပုလဲမြို့နယ်၊ အင်းမထီးရွာက စစ်ကောင်စီနဲ့ပျူစောထီးတပ်စခန်းကို မဟာမိတ်အဖွဲ့တွေနဲ့ ပူးပေါင်းတိုက်ခိုက်ခဲ့တာကြောင့် စစ်ကောင်စီဘက်က ၃ ဦးသေဆုံးခဲ့တယ်လို့ ထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။ 


မြေလတ်အသံ - Myaelatt Athan 

ပုလဲတိုက်ပွဲမှာ စစ်ကောင်စီဘက်က ၅ ဦးသေဆုံးပြီး PDF ရဲဘော် ၃ ဦးကျဆုံး ပုလဲတိုက်ပွဲမှာ စစ်ကောင်စီဘက်က ၅ ဦးသေဆုံးပြီး PDF ရဲဘော် ၃ ဦးကျဆုံး Reviewed by THITHTOOLWIN on 17:44 Rating: 5

No comments:

Powered by Blogger.