ဓာတ်ပုံ - PDF Khayan |
(မတ် ၁၃)
ခရမ်းမြို့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(PDF Khayan) က ယနေ့ စစ်ကောင်စီအား တိုက်ခိုက်ခဲ့သော မြို့ပြပျောက်ကျား တိုက်ခိုက်မှု တိုက်ပွဲသတင်းအား အတည်ပြုထုတ်ပြန်ကြေညာခဲ့ပါသည်။
ယနေ့ နေ့လည် (၁၁း၂၀)နာရီတွင် ခရမ်းမြို့ `အထွေထွေအုပ်ချုပ်ရေးမှူးရုံး´ အတွင်းသို့ ၄၀ မမ ဗုံးသီးများဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့သည်။ မြို့အဝင်အထွက်များကို ပိတ်ဆို့၍ ပြည်သူလူထုကို ဒုက္ခပေးနေသည့် စစ်ခွေးများကို တုန့်ပြန်တိုက်ခိုက်ခဲ့ခြင်း ဖြစ်သည်။
-ထိခိုက်ဒဏ်ရာရမှုများရှိနိုင် / အဆောက်အဦးအချို့ပျက်စီး
နေ့လည်(၁၁း၃၀)နာရီတွင် `ကံသာကျောင်းအနီးရှိစစ်ခွေးများကို´ အဝေးထိန်းမိုင်းဖြင့် ဖောက်ခွဲတိုက်ခိုက်ခဲ့သည်။
- ထိခိုက်မှုမရှိခဲ့ ဟု ခရမ်း-PDFက တိုက်ပွဲသတင်း အတည်ပြုထုတ်ပြန်ထားပါသည်။
ထို့ပြင် ပြည်သူများသို့ စစ်ခွေးများ ပြုလုပ်သောအခမ်းအနားများ၊ စစ်ခွေးများရှိရာ နေရာများ သို့အနီးကပ်သွားရောက်ခြင်း လုံးဝမပြုလုပ်ကြရန် နှင့် ရှောင်ကွင်းသွားလာကြပါရန် ခရမ်း-PDF က အထူးသတိပေးထုတ်ပြန်အပ်ပါထားပါသည်။
Khayan Channel
No comments:
Post a Comment