ပျူစောထီးရွာကို PDF အဖွဲ့တွေဝင်ရောက်တိုက်ခိုက်ပြီး နောက် ပျူစောထီးများအထိနာခဲ့သဖြင့် စစ်ကောင်စီက အနီးဝန်းကျင်ရွာတွေကိုမီးလိုက်ရှို့နေ
ဓာတ်ပုံ - အမြင့်လမ်းတိုက်နယ်သတင်းပြန်ကြားရေး |
(ချောင်းဦး)၊ မတ်လ ၉ ရက်
စစ်ကိုင်းတိုင်း၊ ချောင်းဦးမြို့နယ်အတွင်းက ပျူစောထီးရွာဖြစ်သည့် ကံကြီးကုန်းရွာကို မတ်လ ၈ ရက်ည ၁၂ နာရီ ဝန်းကျင်တွင် ဒေသခံPDFပူးပေါင်းတပ်ဖွဲ့များက ဝင်ရောက်တိုက်ခိုက်ခဲ့ကြောင်းဒေသခံများထံက သိရသည်။
ညလုံးပေါက်နီးပါးဖြစ်ပွားခဲ့သည့်အဆိုပါတိုက်ပွဲအတွင်း ပျူစောထီးများ သေဆုံးမှုများ ပြားကာ အထိနာခဲ့သည့််အတွက် ဒီကနေ့နံနက်ပိုင်းတွင် စစ်ကောင်စီတပ်က အနီးဝန်းကျင်ကျေးရွာများကိုလိုက်လံမီးရှို့နေကြောင်းဒေသခံများကဆိုသည်။
"မနေ့ကညပိုင်း ၁၂ နာရီဝန်းကျင်ကတည်းက တိုက် ပွဲစဖြစ်တာပါ။ ပျူစောထီးတွေ သေဆုံးမှုများတယ်လို့တော့ လတ်တလောသိရတယ်။ မသေတဲ့ပျူစောထီးတွေလည်းတရွာလုံးနီးပါးထွက်ပြေးရတယ်။အခုသူတို့အထိနာတော့စစ်တပ်ကရောက်လာပြီးဘေးက ရွာတွေကို တရွာဝင်တရွာထွက် မီးလိုက်ရှို့နေတယ်" ဟုချောင်းဦးမြို့နယ်ဒေသ ခံတဦးကဧရာဝတီတ်ိုင်းမ်ကိုပြောသည်။
ကံကြီးကုန်း ပျူစောထီးကျေးရွာကို ဒေသကာကွယ်ရေးတပ်ဖွဲ့ PDF တွေတိုက်ခိုက်သိမ်းပိုက်ပြီးနောက် ပျူစောထီးဘက်မှစစ်ကောင်စီ တပ်ကူတွေရောက်ရှိလာကာ ကံကြီးကုန်းကျေးရွာဘေးမှ ယာကြီးတောရွာနှင့် ဝယားရွာတို့ကို စစ်ကောင်စီနှင့်ပျူစောထီးများက မီးရှို့နေခြင်း ဖြစ်ကြောင်း အဆိုပါကျေးရွာမှ ဒေသခံများကဆိုသည်။
Ayeyarwaddy Times
No comments:
Post a Comment