ဝက်လက်မြို့ပေါ်မှာ တွေ့ရတဲ့ စကစ တချို့/Photo – S |
မတ် ၊ ၁၂
စစ်ကိုင်းတိုင်း ဝက်လက်မြို့နယ်မှာ ဒီကနေ့ မတ်(၁၂)ရက် ညနေပိုင်းက PDF တွေ ထောင်ထားတဲ့ မိုင်းတွေကို လိုက်ဖြုတ်နေတဲ့ စစ်ကောင်စီ လက်အောက်ခံ ပျူစောထီး တစ်ဦး မိုင်းဖောက်ခွဲခံရပြီး သေတယ်လို့ နတ်တောင်နဂါး ပြည်သူ့ကာကွယ်ရေး ပျောက်ကြားတပ်ဖွဲ့က သတင်းထုတ်ပြန်ပါတယ်။
ဒီကနေ့ ညနေ (၃)နာကျော်လောက်က ဝက်လက်မြို့အရှေ့ဘက် သရိုင်-မင်းကုန်း အထွက်လမ်းမှာ စစ်အုပ်စုနဲ့ ပူးပေါင်းပြီး မိုင်းလာဖြုတ်တဲ့ ပျူစောထီး ဖိုးခိုင်ဆိုသူကို အဝေးထိန်းစနစ်နဲ့ ဖောက်ခွဲ တိုက်ခိုက်ခဲ့တာလို့ ဆိုပါတယ်။
"ဝက်လက်မှ ပျူစောထီး အကြီးစား ဖိုးခိုင် မှာ သခင်အားရ ကျွန်ပါးဝ ခွေးအခြံရံများနဲ့ FZ ဆိုင်ကယ်ကြီးစီးကာ မြောက်ကားကားနဲ့ မိုင်းဖြုတ်နေစဉ် ကျွန်တော်တို့အဖွဲ့မှ အဝေးထိန်း စနစ်ဖြင့် ဖေါက်ခွဲ၍ ငရဲပို့ပေးခဲ့ပါတယ်" လို့ နတ်တောင်နဂါး ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က ဖော်ပြပါတယ်။
အဲ့ဒီဖောက်ခွဲမှုကို နတ်တောင်နဂါး ပြည်သူ့ကာကွယ်ရေး ပျောက်ကြားတပ်ဖွဲ့နဲ့ ဝက်လက်မြို့နယ် (တပ်ရင်း-၁၅) GHOST RIDER Special Task Force BURMA အဖွဲ့က ရဲဘော်များ ပူးပေါင်းပြီးလုပ်ဆောင် ခဲ့တာလို့ ဆိုပါတယ်။
ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့တွေကို ရန်ပြုတိုက်ခိုက်နေတဲ့ စကစ အောက်ဆွဲ ပျူနဲ့ ဒလန်များ အနေနဲ့ စကစ ခိုင်းသမျှကို မလုပ်ဘဲ ပြည်သူ့ဘက် ပူးပေါင်းကြဖို့၊ မပူးပေါင်းပါက အသက်အန္တရာယ်ကို အာမမခံဘဲ တိုက်ခိုက်သွားမယ်လို့ နတ်တောင်နဂါး ပြည်သူ့ကာကွယ်ရေး ပျောက်ကြားတပ်ဖွဲ့ က သတိပေး ထုတ်ပြန်ထားပါတယ်။
Mandalay Free Press - MFP
No comments:
Post a Comment