ဒီပဲယင်းမြို့နယ်အတွင်း မွှေနှောက်သောင်းကျန်းနေသော အကြမ်းဖက်စစ်တပ်အား ဒေသခံ PDF များပူးပေါင်းတိုက်ခိုက်၊ စကစတပ်သား (၁၀) ဦးသေဆုံး
မတ် ၂၀
စစ်ကိုင်းတိုင်း၊ ရေဦးမြို့နယ်၊ တာတိုင်ကျေးရွာဘက်မှ အင်အား ၁၀၀ ခန့်ရှိသော အကြမ်းဖက်စစ်ကောင်စီတပ်များသည် ဒီပဲယင်းမြို့နယ် ညောင်လှရွာ၊ နမြားရွာ၊ ယဉ်ကျေးရွာ၊ မရိုးကုန်းရွာ ၊ကြူဝောာရွာ၊ ကျွဲတိုးခြုံရွာ ၊ချောင်းမြီးတိုရွာ ၊တည်တောရွာ ၊သပြေကုန်းရွာ ၊မြင်းတန့်ကျေးရွာ ၊ဒိုင်နက်ရွာ ၊မရကန်ရွာ ၊ရွာသစ်ရွာ ၊တနယ်- ဆင်ရောက်ကုန်းကျေးရွာတစ်လျှောက် တစ်ပတ်ခန့် ဆက်တိုက်စစ်ကြောင်းထိုးလာခဲ့ပြီး စစ်ကြောင်းတစ်လျှောက်တွင် ကာကွယ်ရေးအဖွဲ့များနှင့်အပစ်အခတ်များဖြစ်ပွားခဲ့ကြောင်း သိရသည်။
ထို့ပြင် အကြမ်းဖက်စကစတပ်များသည် စစ်ကြောင်းထိုးခံရသော ရွာများမှ ပြည်သူပိုင်ပစ္စည်းဥစ္စာများကို မွှေနှောက်ယူငင်ပြီး မရကန်ကျေးရွာရှိ နေအိမ်(၈)လုံးကို မီးရှို့ဖျက်ဆီးကာ အသက်ကြီးရွယ်အိုတစ်ဦးကိုလည်း မီးရှို့သတ်ဖြတ်ခဲ့ကြောင်း သိရသည်။
ထို့ကြောင့် ကာကွယ်ရေးအဖွဲ့အစည်းများဖြစ်ကြသော C&T SHWEBO၊ SNAKE EYES-PDF နှင့် တပ်ပေါင်းစု(၂) တို့သည် ဒီပဲယင်းမြို့နယ်ရှိ ဒေသခံကာကွယ်ရေးအဖွဲ့အစည်းများနှင့်အတူသွားရောက်ပူးပေါင်းအားဖြည့်ခဲ့ပြီး တနယ်-ဆင်ရောက်ကုန်းရွာ၌ ခေတ္တအထိုင်ချထားသော အကြမ်းဖက်စစ်ကောင်စီတပ်များအား မတ်လ ၁၈ ရင်နေ့က အတူတကွသွားရောက် တိုက်ခိုက်ခဲ့ကြကြောင်း သိရသည်။
တိုက်ပွဲအတွင်း အကြမ်းဖက်စစ်ကောင်စီဘက်မှ (၁၀) ဦးသေဆုံးကာ အများအပြားဒဏ်ရာရရှိခဲ့ပြီး ပင်စည်ရွာကိုဖြတ်၍ ဒီပဲယင်းမြို့သို့ဦးတည်ကာ ဆုတ်ခွာသွားကြကြောင်း Snake Eyes PDF ကထုတ်ပြန်သည်။
ထို့နောက် ကာကွယ်ရေးအဖွဲ့အစည်းများအားလုံးသည်လည်း အထိအခိုက်မရှိ အောင်မြင်စွာပြန်လည်ဆုတ်ခွာလာနိုင်ခဲ့ကြောင်း သိရသည်။
PDF Newsflash
No comments:
Post a Comment